အနုပညာနဲ့ ပတ်သက်ပြီး အခု ခေတ်မှာတော့ သင်တန်းကျောင်း တွေရှိခဲ့ပေမယ့် အရင်ခေတ် ကာလ တွေမှာတော့ သင်တန်းကျောင်း တွေမရှိခဲ့ဘဲ ဆရာသမားများရဲ့နေ အိမ်တွေမှာ သားသမီးနဲ့တူအောင်၊ တပည့်နဲ့တူအောင် နေပြီး ကိုယ့် လုပ်စရာ ရှိတာတွေကို ကျေပွန် အောင် လုပ်ရပြီး ဆရာသမားက လည်း မိဘများသဖွယ် စည်းကမ်း ကြီးမားစွာဖြင့် စောင့်ရှောက်ပြီး မေတ္တာတရား ကိုလည်း အပြည့်ပေး ကာ သင်ကြား ပြသပေးကြကြောင်း၊ ဒါဟာသဘင်၊ ဂီတ ခေတ်အဆက် ဆက်ရဲ့ ထုံးတမ်း အစဉ်အလာပဲ ဖြစ်ကြောင်း၊ မန္တလေး သိန်းဇော်က ရှေးယခင် ကာလများဆီက ဆရာ သမားတွေ ဆီက လေ့လာ သင်ယူခဲ့ရ တဲ့ ပုံစံတွေ နဲ့ပတ်သက်လို့ ပြန်လည် ပြောပြပါတယ်။ အဲဒါအပြင်သူ့ရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး အခုခေတ် လူငယ်တွေ အနေနဲ့ ဆောင်ရန် ရှောင်ရန်များကိုလည်း အခုလိုပြော ပြခဲ့တာက
“ကျွန်တော် တို့ကလည်း ဒီလိုထုံးတမ်း အစဉ်အလာတွေကို လူငယ်ဘဝက ကောင်းကောင်း မသိ ဘူး။ ကျွန်တော် ဆရာကြီးတစ် ယောက်ဆီကို ရောက်တယ်။ အဲဒီ အခါမှာ ဆရာကြီးကလည်း သဘင် အကြောင်းအရာ တွေကို ပြောပြပေး နေတယ်။ ကျွန်တော် ကလည်း စိတ်ဝင်တစားနဲ့ နားထောင်နေတယ်။ သို့သော်လည်း ဆရာပြောနေတဲ့ အချိန်မှာ ကျွန်တော် ကတစ်ချက် သမ်းမိ လိုက်တာ ဆရာက စိတ်ဆိုး သွားတယ်။ ကျွန်တော် နောက်ရက် တွေသွားတဲ့ အခါ ဆရာကကျွန်တော့် ကိုပညာသင် မပေးတော့ဘူး။ အိမ်မှာ ၃ရက်၎ရက် နေရတယ်။ နောက်တော့ မှ မင်းကြိုးစား ဦးကွာ၊ မကြိုက်သေး ဘူးဆိုလို့ တပ်ပြန်ဆုတ် လာရတယ်။ နောက်ပိုင်း နာမည်ကြီး လာတော့ ဆရာနဲ့ ပြန်တွေ့တဲ့အခါကျတော့ မင်းက တိုက်ပေါ်က ဆင်းလာတဲ့ သူဆိုတော့ သိပ်ထောင့် မကျိုးလို့ ကြိုး စားချင်စိတ် ရှိလာအောင် လုပ်ပေး လိုက်တာလို့ ပြောတယ်။ ဒါဟာ ဆရာ ကျွန်တော့်ကို ဘဝမှာ ပေးတဲ့ လက်ဆောင်ပေါ့။ ဒါအာစရိ ယဝါ ဒပဲ။ နာခံမှုပေါ့” လို့ ပြောပြပါ တယ်။
အဲဒါအပြင် မန္တလေး သိန်းဇော် က သူ့ရဲ့ဆရာ တစ်ဦးဖြစ်သူ ဂီတ လုလင်မောင်ကိုကိုနဲ့ ပတ်သက်လို့ လည်းအခုလို ပြန်ပြောင်း ပြောပြ ဖြစ်ခဲ့တာက
“ဆရာဦးကိုကိုနဲ့ ပတ်သက်ပြီး တော့ ကျွန်တော့်ဘက်က ကျွန်တော် တောင်းဆိုဖူးတယ်။ အဲဒါလေးက ဆရာသဘောကျ လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဆရာ့ကို ကျွန် တော်က ဝဇီရာ ပြဇာတ်တွေ ဘာတွေ လည်း ကပြီးတဲ့ အခါမှာ ဆရာ့ကို ကန်တော့ရင်းနဲ့ ဆရာ့အိမ်ကိုသွား တော့ “ဆရာ၊ ကျွန်တော့်ကိုသောင်း ထိုက်ကကျော်လို သီချင်းမျိုးရေးပေး ပါဆရာ” ဆိုပြီး သွားပြီးတော့ တောင်း တယ်။ သီချင်းပေါင်း မြောက်မြားစွာ ကို ကျော်ကြားအောင် ပြောင်မြောက် အောင်ရေးနိုင်တဲ့ ပုဂ္ဂိုလ်ကို ကျွန် တော် ဖြစ်ချင်တာလေးပဲ သိပြီးတော့ ဟိုသီချင်းလေးလို ရေးပေးပါဆိုတဲ့ စကားဟာ ကျွန်တော့်ကို ထမရိုက် တာ ကံကောင်းပါတယ်။ အဲဒါတွေက လူငယ် ဘဝမှာ သတိပြုရမယ့် အချက် တွေပါ။ သဘင်ဘက်မှာ အာစရိဝါဒ သိပ်ပြီးတော့ အရေးကြီးပါတယ်။ ကျွန်တော့် အတွက် ဆိုပြီးတော့ သီခြား ရေးပေးတဲ့ သီချင်းမျိုးကို လိုချင် လို့ တောင်းတာ။ ဒါပေမဲ့ တောင်းပုံ တောင်းနည်းက အထာမကျဘူး။ အမှန်တော့ “ဆရာရယ်၊ ကျွန်တော့်ကို သီချင်းလေး တစ်ပုဒ်လောက် ချီးမြှင့် ပါဆိုပြီး ဒီလောက်ပဲ ပြောရမှာပါ။ ကျွန်တော့်ဇနီး ဆရာဝန်ကလည်း တစ်ခါပြောဖူးပါတယ်။ လူနာက လာပြီးတော့ ကျွန်တော့်ကို ဟိုဆေး လေးထိုးပေး စမ်းပါ။ ဘယ်ဆေးလေး ပေးစမ်းပါလို့ ပြောရင် မကြိုက်ဘူး။ ကိုယ်ဖြစ်တာ ပဲပြော၊ ဘာဆေးပေးရ မယ် ဆိုတာ ဆရာဝန်က ဆုံးဖြတ်လိမ့် မယ်။ အခုလည်း ပညာရှင်ကို သွားပြီး တော့ ဟိုသီချင်းလေးလို လုပ်ပေးပါဆို တော့ ဒါက ထရိုက်ခံရမယ့် အပေါက် ပါပဲ။ မသိဘူးလေ။ ကျွန်တော် တို့ရဲ့ ဘဝမှာ အောက်သက် မကျေတာ။ အလွန် နူးညံ့သိမ်မွေ့တဲ့ အာစရိ ဝါဒဆိုတဲ့ လမ်းကြောင်းပေါ်မှာ အ နေအသား မကျတော့ ကျွန်တော်တို့ ရဲ့ မှားယွင်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ လည်း ကျွန်တော်ဟာ တစ်ချိန်မှာ ဆရာ ကိုယ်တိုင်ရေးပေးတဲ့ တိုင်းပြည် နိုင်ငံက မကြားချင်လို့ မဖြစ်လောက် အောင် ကြားတိုင်း လည်း ဝမ်းပန်း တသာဖြစ်ပြီးတော့ ကုသိုလ်မင်္ဂလာ တွေဖြစ်ခဲ့ရတဲ့ သီချင်း တစ်ပုဒ်ကို ရခဲ့ပါတယ်။ ဒီသီချင်း ကတော့ ကျိုက် ထီးဆောင်း ဆရာတော်ဘုရားကြီးရဲ့ ဓမ္မတေးလင်္ကာကို ဆရာ ဦးကိုကိုက သံစဉ်ပြုပြီးတော့ ပူဇော်ခဲ့တဲ့ မြတ် ဆုမွန် လို့ခေါ်တဲ့ သီချင်းပဲဖြစ်ပါ တယ်။ အဲဒါက ဂီတလုလင် ဦးကိုကိုက ပြုစုပေးတာပါ။ ဒါကြောင့်ကျွန်တော် ကလွဲပေမယ့်လို့ စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေက လမ်းကြောင်းတည့် အောင် လုပ်ပေးပြီးတော့ ဆရာ ဦးကိုကိုရဲ့ အနုပညာကိုကျွန်တော့် ဘဝမှာ အရိပ်ခိုခွင့် ရအောင်လို့ ကျွန် တော့်ဘဝ မှာနောက်ဆုံး လက် ဆောင် အနေနဲ့ ဆရာက ချီးမြှင့်ပေး သွားပါတယ်”လို့ ပြောပြပါတယ်။
လင်းအက္ခရာ