Wednesday, November 20, 2024

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင်...

၂၀၂၄ ခုနှစ်အတွက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကို...

ပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို...

တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာတို့သည် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မစ္စတာဝမ်ယိက မကြာသေးမီကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင်...

တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးများရီယိုဒီဂျနေးရိုး၌ဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ တနင်းလာနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိက ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေး၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပြီး...
HomeNewsLocal Newsယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုံဂံရှေးဟောင်း...

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုံဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ခရီးသွားဧည့်သည် (၂)သိန်းခန့် လာရောက်လည်ပတ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုံဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ခရီးသွားဧည့်သည် နှစ်သိန်းခန့် လာရောက်လည်ပတ်ကြောင်း ဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ဘုရား၊ ပုထိုး၊ စေတီတို့၌ ကုသိုလ်ကောင်းမှုများပြုလုပ်ရှိကြရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသတွင်လည်း ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့က ခရီးသွား ဧည့်သည် (၁)သိန်းခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ်၌ ခရီးသွား ဧည့်သည် (၂)သိန်းခန့် ဝင်ရောက်ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ပုဂံဒေသသို့ ယခုနှစ်တွင် သီတင်းကျွတ်ပွဲတော် မတိုင်မီကပင် ခရီးသွားများ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ နံနက်မှ ညအထိ ပုဂံက အထင်ကရဘုရား၊ စေတီ (၁၈) နေရာတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း ပုံဂံဒေသခံများထံမှ သိရသည်။

“ထီးလိုမင်းလို ဘုရားမှာဆိုရင် ညနေပိုင်းအထိ ခရီးသွား တစ်သောင်းနီးပါးဝင်ခဲ့တယ်။ အခြားဘုရား၊ စေတီတွေမှာလည်း အတူတူပါပဲ။ မနှစ်ကထက် ခရီးသွားဝင်ရောက်တဲ့အတွက် စျေးသည်အစ ခရီးသွားလမ်းညွှန်အဆုံးဝမ်းသာနေကြတယ်”ဟု ထီးလိုမင်းလိုဘုရားမှ ဂေါပကအဖွဲ့ အတွင်းရေးမှူးတစ်ဦးက ပြောသည်။

ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီတော်တို့၌ ခရီးသွားဧည့်သည်များအနေဖြင့် လပြည့်နေ့ နံနက် (၄) နာရီမှ စတင်ပြီး ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြပြီး ညနေ (၆) နာရီမှစတင်၍ မြတ်ဗုဒ္ဓအား ဆီးမီးထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူကြကြောင်း သိရသည်။

နေ့ထူးနေ့မြတ် ဘာသာရေးပွဲတော်နေ့တွင် ပုဂံဒေသရှိ အထင်ကရ ဘုရားစေတီများဖြစ်သည့် ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ သဗ္ဗညု၊ ထီးလိုမင်းလို၊ ကန်တော့ပလ္လင်၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ မဟာဗောဓိ၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ မနူဟာ၊ မြစေတီ၊ လောကနန္နာ၊ ဓမ္မရာဇက၊ စွယ်တော်ဘုရား၊ ပြသဒ်ကြီးဘုရားတို့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စေတီ၊ ပုထိုးများ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်ရန် မြင်းလှည်းများကို တစ်နာရီလျှင် ငွေကျပ် (၁၅၀၀၀)ဖြင့် ယခင်ကထက်တိုးချဲ့၍ မြင်းလှည်းအစီးရေ (၁၀၀) ကျော်ဖြင့် နေ့စဉ် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းလည်း ပုဂံဒေသခံ မြင်းလှည်းအသင်းမှ သိရသည်။

သီတင်းကျွတ်ပွဲတော်ကာလ ပုဂံဒေသတွင် အောက်တိုဘာ (၁၅) ရက်မှ (၁၈)ရက်အထိ ဟိုတယ်ခန်း အပြည့် ကြိုတင်မှာယူထားမှုများရှိပြီး ပုဂံဒေသခရီးသွားရာသီမှာ အောက်တိုဘာလမှ မတ်လအတွင်းဖြစ်သောကြောင့် အောက်တိုဘာ (၁၃) ရက်မှစတင်၍ ဘုရားဖူးများ ဝင်ရောက်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့အထိ ခရီးသွားဧည့်သည် နှစ်သိန်းခန့် ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့

၂၀၂၄ ခုနှစ်အတွက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကို နှစ်စဉ်တန်ချိန် နှစ်သန်းကျော် ပြည်ပသို့တင်ပို့လျက်ရှိရာတွင် အဓိကပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံကို နှစ်စဉ် (၁ ဒသမ ၅) သန်းကျော်တင်ပို့နေပြီး ယခု ၂၀၂၄ ခုနှစ်အတွက် ပဲတင်ပို့မှုမှာ လျာထားချက်ပြည့်မီအောင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တင်ပို့မှုတွင် မတ်ပဲတန်ချိန် (၈) သိန်း၊ ပဲတီစိမ်း (၄)သိန်းခွဲ၊ ပဲစဉ်းငုံ (၂)...

ပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို ကိုင်တွယ်တားမြစ်တာနဲ့ ပတ်သက်တဲ့ Financial Action Task Force (FATF) ရဲ့အစည်းအဝေး ရလာဒ် နဲ့ နောက်တခုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ ၃၅၂ ကြိမ်မြောက် Governing Body (ILO-GB) အစည်းအဝေးက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တို့ပဲဖြစ်ပါတယ်။ FATF အစည်းအဝေး ဆုံးဖြတ်ချက် မြန်မာနိုင်ငံအနေနဲ့...

တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာတို့သည် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မစ္စတာဝမ်ယိက မကြာသေးမီကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးပြန်လည်စတင်ကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်းဆိုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသည့်သဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန်ယုံကြည်မှု၊ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ကာ မတူကွဲပြားမှုများကို အတူတကွကိုင်တွယ်ဖြေရှင်းသွားကြရန်လည်းပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်ပြီး နှစ်ဖက်စလုံးက အထိမ်းအမှတ်လှုပ်ရှားမှုများ စီစဉ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။ ယင်းနောက် နားလည်မှုနှင့်အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်အတွက် နယ်ပယ်အသီးသီးတွင် အပြန်အလှန် တွေ့ဆုံဆွေးနွေးလည်ပတ်မှုများကိုပါ ပြုလုပ်သင့်ကြောင်းလည်း ဝမ်ယိကပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲအိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071