Wednesday, April 2, 2025

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည်...

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊...

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး...

ငလျင်ဒဏ်ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာ...

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ‌ေ-သဆုံးထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌တည်ထားကိုးကွယ်ထားသည့် မာရဝိဇယဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အဦအနည်းငယ်သာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ သာသနိကအဆောက်အဦများအား နစက...
HomeNewsLocal Newsယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ...

ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ တည်ဆောက်ရေးကို စနစ်တကျ စစ်ဆေးရန် နစက ဥက္ကဋ္ဌမှာကြား

အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု့အပေါ် နစက ဥက္ကဋ္ဌက ယခုဖြစ်စဉ်ကိုသင်ခန်းစာယူ၍ အဆောက်အဦသစ်များဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးကို စနစ်တကျ စစ်ဆေးရန် ယနေ့ မတ် ၂၉ ရက်နံနက်ပိုင်းက မန္တလေးတိုင်းတွင် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူး၊ ပါရဂူများဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ကာ ‌ေ-သဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာသင်္ဂြိုဟ်ခြင်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

ထို့ပြင် ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အ ခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ်ပေါ်စဉ်ကကဲ့သို့ နေထိုင်ရန်နေရာများကိုတာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက်အမြန်ဆုံးစီစဉ်ပေးရန်၊ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိအဆောက်အဦများကိုလည်း အမြန်ဆုံးစနစ်တကျရှင်းလင်းမှုများပြုလုပ်ရန်၊ တိုင်းဒေသကြီးများအလိုက် လေယာဉ်ကွင်းနှင့်လေယာဉ်ပြေးလမ်းများအား အမြန်ဆုံးကောင်းမွန်အောင် ဆောင် ရွက်သွားရန်တို့လည်းပါဝင်သည်။

” အခုဖြစ်စဉ်ကိုသင်ခန်းစာယူပြီး သက်တမ်းရင့်အဆောက်အဦတွေကို အရည်အသွေးစစ်ဆေးတာ၊ အ ဆောက်အဦသစ်တွေဆောက်လုပ်ရာမှာ သတ်မှတ်ခံနိုင်ရည် စံနှုန်းတွေနဲ့အညီ တည်ဆောက်စေရေးတွေကို စနစ်တကျစစ်ဆေးဆောင်ရွက်သွားဖို့လိုပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ရေ၊ မီးနဲ့ နေထိုင်ဖို့နေရာတွေအဆင်ပြေစေဖို့ စားသောက်မှု အဆင်ပြေစေဖို့တွေကို အမြန်ဆုံးစီစဉ်ဆောင်ရွက် ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် နန်းမြို့ရိုးတစ် လျှောက် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့ရမှု များ၊ မန္တလေးမြို့အတွင်း အဆောက်အဦနှင့် လမ်း များပျက်စီးခဲ့ရမှု၊ မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုများကိုကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်း ပိတ်မိနေသူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေးဆောင်ရွက်ရန်၊ ပြန် လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအ ဆင့်အလိုက် ဆက်လက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့ပြင် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ များအား ဆေးကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုနှင့် မန္တလေးမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အဦများအဖြစ်ခွဲခြားသတ်မှတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယင်း စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ၌ နှစ်ပတ်ကြာကူညီရန် ကနဦးအဖွဲ့ဝင် ၅၈ ဦးကို ပို့ဆောင်ခဲ့ပြီး ကျန် ၃၃ ဦးကို ဧပြီလ ၂ ရက်နေ့တွင် နောက်ထပ် C-130 လေယာဉ်တစ်စီးဖြင့်ပို့ဆောင်ရန် စီစဉ်ထားသည်" ဟု ဖိလစ်ပိုင်လေတပ် (PAF) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် မရှိမဖြစ်လိုအပ်သော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါး၊ ကိရယာများ ယူဆောင်လာခဲ့ကြောင်း...

ငလျင်ဘေးအတွက် အလှူရှင်များမှ လှူဒါန်းမှု ကျပ်ဘီလီယံ(၁၂၀)နီးပါးရရှိ၊ နိုင်ငံတော်မှ ကျပ်ဘီလီယံ(၅၀၀)မတည်ကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေ

ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်၊ တပေါင်းကွင်း၌ ယနေ့ ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲက အလှူငွေပေး အပ်ပွဲအခမ်းအနားကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူငွေများကိုလက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းမှု ငွေသား(၁၀၄ ဒသမ ၄၄)ဘီလီယံ၊ အလှူပစ္စည်း(၁၂ ဒသမ ၄)ဘီလီယံ(စုစုပေါင်း ၁၁၆ ဒသ မ ၈၄ ဘီလီယံ)လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌ က အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071