Friday, April 11, 2025

တရုတ်အစိုးရက ငလျင်‌ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်း...

တရုတ်အစိုးရအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦးများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံး၏ အသိပေးချက်အရ...

ကလောဘူတာရုံအား စနစ်ကျပြီးသန့်ရှင်းသပ်ရပ်မှုရှိသည့်ဘူတာရုံဖြစ်ရန်လိုဟု နစက ဥက္ကဋ္ဌပြော

ဧပြီ ၉ ရက်က ကလောမြို့သို့ရောက်ရှိ​နေ​သော နစက ဥက္ကဋ္ဌသည် ကလောဘူတာရုံအားကြည့်ရှုစစ်ဆေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ ကလောဘူတာအတွင်းကြည့်ရှုစစ် ဆေးပြီးနောက် ဘူတာရုံအနေဖြင့် စနစ်တကျရှိရမည်ဖြစ်ကာ ခြံစည်းရိုးကာရံထားရမည်ဖြစ်ပြီး...

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့်...

နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ဧပြီ (၁၀) ရက် နံနက်ပိုင်းက ထပ်မံရောက်ရှိခဲ့ကြော င်း နစက...

ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အကူအညီပစ္စည်းများထပ်မံပံ့ပိုးပေးမည့် တရုတ်နိုင်ငံ

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တ ရုတ်နိုင်ငံအစိုးရမှ ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ် ဆယ်ရေးအကူအညီများထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ အဆိုပါ ထပ်မံပံ့ပိုးပေးမည့် ယွမ်(၁)ဘီလီယံဖြင့်...
HomeNewsLocal Newsယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌...

ယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌ ကလေးသူငယ် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ယခုရက်ပိုင်းအတွင်း မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်း၌ ကလေးသူငယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မိဘများနှင့် မိသားစုဝင်များ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကလေးငယ်များမှာ အသ က် (၅) နှစ်မှ (၁၂) ဝန်းကျင်အရွယ်များဖြစ်ပြီး ကလေးမိခင်တစ်ဦးပါ ပါဝင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ် ကွက်မှ အသက် (၅) အရွယ် ကလေးငယ်တစ်ဦး ‌နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း မိဘများက လူမှုကွန်ရက်မှတဆင့် အကူညီတောင်းခံလာရာမှ အလားတူဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း ကလေးပျောက်ဆုံးသူ အခြားမိဘများကပါ အသိပေး အကူညီတောင်းခံနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်း (၂) နာရီကျော်တွင် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ် ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်မှ အသက် (၅) နှစ်နှင့် (၄) လအ ရွယ် မောင်ဇွဲဝေယံထွန်းသည် အဘိုး ၊ အဘွား ဖြစ်သူတို့နှင့် အတူရှိနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးသည့်အပြင် သတင်းအစအနပင် မရရှိသေးကြောင်း အဘွားဖြစ်သူထံမှ သိရသည်။

မောင်ဇွဲဝေယံထွန်းသည် အခင်းဖြစ်ပွားသည့်နေ့က နေအိမ်အရှေ့တွင် ခုံဖြင့် ထိုင်ကာ ဆော့ကစားနေရာမှ ရုတ် တရက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ CCTVများမှတဆင့် ရှာဖွေခဲ့ကြသော်လည်းပြန်လည်တွေ့ ရှိခြင်း မရှိသေးကြောင်း အဘွားဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” ဘိုးအေဖြစ်သူက ကလေးကို ရေချိုးပေးမယ်ဆိုပြီး ကလေးကို အောက်ကိုခေါ်လိုက်တယ်။ ခေါ်ပြီးတော့မှ ဘိုး ဘိုး ဂျုံဇကာစစ်လိုက်ဦးမယ် ငါ့သားခဏထိုင်ဦးဆိုပြီး ပြောတော့ ကလေးက ထိုင်ခုံပေါ်မှာ ထိုင်ပြီး သေနတ်လေးနဲ့ ဆော့နေတယ်။ အဲလို ဆော့နေတဲ့ အချိန်မှာလည်း ဘွားအေဖြစ်တဲ့ ကိုယ်က “သားရေ ဇွဲရေ”ဆိုတော့ “ဗျာ”ဆိုပြီး ထူးတယ်။ သားအောက်မဆင်းနဲ့ဆိုတော့ “ဟုတ်” ဆိုပြီး ပြောတယ်။ ဆော့နေတဲ့ နေရာကလည်း အိမ်ပေါ်နဲ့ (၅) ပေတောင်မရှိဘူး။ ကပ်နေတာ ။ အဲဒီကနေ ​ဆော့​နေတဲ့သေနတ်သံပျောက်သွားလို့ ခေါ်တော့ မထူးတော့ဘူး။ အဲဒါနဲ့ အိမ်က သားငယ် မင်းတူလေး ထွက်ကြည့်ဦးဆိုပြီး ထွက်ကြည့်တော့ မရှိတော့ဘူး” ဟု မောင်ဇွဲဝေယံထွန်း၏ အဘွားဖြစ်သူက ကလေးစတင်ပျောက်ဆုံးပုံကို ရှင်းပြသည်။

ယင်းကဲ့သို့ ပျောက်ဆုံးသွားသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ CCTV များအား အကူအညီတောင်းကာ ပြန်လည်ကြည့်ရှုရာ ကလေးငယ်သည် တောင်ဘက်သို့ ပြေးထွက်သွားသည်ကို တွေ့ရှိရသည့်အတွက် ကလေးပြေးထွက်သွားသည့် လမ်းထောင့်ရှိ CCTV ကို စစ်ဆေးကြည့်ရာ ကလေးငယ်ထွက်လာသည်ကို မတွေ့ရှိရတော့ပဲ CCTV နှစ်ခုရှိသည့်ကြားတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး လက်ရှိအချိန်ထိ ထူးခြားသ ည့် သတင်းအစအနပင် မရရှိသေးကြောင်း သိရသည်။

လက်ရှိတွင် မိသားစုဝင်များနှင့် မိဘများက လက်လှမ်းရာနီးစပ်သူများအား အကူအညီတောင်းခံ ရှာဖွေမှုများ လုပ်ဆောင်နေပြီး မန္တလေးနှင့် ရန်ကုန်ရှိ ငွေကြေးတတ်နိုင်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ကလေးငယ်ပြန်လည်တွေ့ရှိအောင် ရှာဖွေပေးနိုင်သူကို ဆုငွေချီး မြှင့်ပေးမည်ဟု ပြောဆိုကာ အကူညီတောင်းခံမှု လုပ် ဆောင်လျက်ရှိသည်။

ပျောက်ဆုံးနေသည့် မောင်ဇွဲဝေယံထွန်း၏ ဖခင် ဖြစ်သူမှလည်း “ကျွန်တော့်သား ဇွဲဝေယံထွန်း အသက် ၅ နှစ် ၄ လသည် ဒီဇင်ဘာ ၁၁ ရက်တွင် ၇၁ လမ်း ၃၀၃၁ လမ်းရှိ အ ဘွားအိမ်တွင်ဆော့နေစဉ် နေ့လည်၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်သွားပါသဖြင့် တွေ့ရှိကအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ကျေးဇူးဆပ်ပါမည်။ အဖ ဦးဟန်မျိုးဝင်း၊ အမိ ဒေါ်ဝါဝါမြင့်သိန်း၊ ထင်ရှားသောအမှတ်အသား ဗွေနှစ်လုံးပါ” ဟု လူမှုကွန်ရက်မှတဆင့် ကြေညာထားသည်။

မောင်ဇွဲဝေယံထွန်းအား တွေ့ရှိခဲ့ပါက မန္တလေးခရောစ့်ဆ င့်မုန့်ဆိုင်၊ (၇၁) လမ်း ၊ လမ်း (၃၀) (၃၁)လမ်းကြား၊ ရန်မျိုးလုံရပ်ကွက်၊ ချမ်းအေးသာစံ၊ မန္တလေးမြို့၊ ၀၉၇၈၅ ၅၁၉၇၈၉၊ ၀၉၇၈၀၇၆၀၀၇၈၊ ၀၉၄၀၂၅၃၂၄၃၀ သို့ ဆ က်သွယ် အကြောင်းကြားနိုင်ကြောင်းလည်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို (၁) လမ်းတွင် နေထိုင်သည့် အသက် (၁၂) နှစ်အရွယ် မနှင်းစန္ဒီအောင်သည်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်အတွင်းက ပျောက်ဆုံးသွားသဖြင့် တွေ့ရှိပါက မိဘများထံ ဆက်သွယ်အကြောင်းကြားပေးရန် လူမှုကွန်ရက်မှတဆင့် အကူညီတောင်းခံထားကြောင်း သိရသည်။

အဆိုပါ မနှင်းစန္ဒီအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) အနေဖြင့် မိဘများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရရှိခဲ့သည့်အတွက် ကလေးပျောက်ဆုံးမှု၏ အသေးစိတ်ကို သိရှိရခြင်း မရှိ​သေးပေ။

ရန်ကုန်တိုင်းဒေသကြီး ၊ ခရမ်းမြို့နယ်အတွင်း၌လည်း အသက် (၄) နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ယခုလ ဒီဇင်ဘာ (၅) ရက်တွင် နေအိမ်မှ မုန့်ထွက်စားစဉ် ပျောက်ဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ခရမ်းမြို့နယ် ၊ (၇) ရပ်ကွက် ၊ ကံသာယာလမ်းမ ၊ အိမ်အ မှတ် ၇/၂၄၃ တွင် နေထိုင်သည့် အသက်(၄)နှစ်ရွယ် မဆုရတီပိုင်သည် ဒီဇင်ဘာလ (၅) ရက် နေ့လယ် (၁) နာရီဝန်းကျင်က မိခင်ဖြစ်သူနှင့်အတူ နေအိမ်မှ မုန့်ထွက်စားစဉ် နှစ်ဦးစလုံးနေအိမ်သို့ ‌ပြန်လည်ရောက်ရှိမလာဘဲ ပျောက် ဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

” ဘယ်လိုကြောင့် အခုလို ပျောက်သွားလဲဆိုတာကို ကျွန် တော်တို့လည်း အခုထိ စုံစမ်းလို့ မရသေးဘူးခင်ဗျာ။ သ က်ဆိုင်ရာကိုတော့ ကျွန်တော်တို့လည်း အကြောင်းကြားထားတယ်။ ဒါပေမဲ့ ဘာမှတော့ အကြောင်းမထူးသေးဘူး ။ အိမ်မှာလည်း ဘာပြဿနာမှမရှိဘူး။ ကလေးကို ကိုရီးယားကင် ကျွေးမယ်ဆိုပြီး ထွက်သွားရင်းက ပျောက်သွားတာ။ တစ်နာရီနှစ်နာရီကြာလို့ ပြန်မလာမှ စုံစမ်းတော့မှ မတွေ့တော့တာပါ။ ဆရာတို့လည်း စုံစမ်းလို့ရရင်ကျွန်တော် တို့ဆီ သတင်းပို့ပါဗျာ ။ ကျွန်တော်တို့လည်း သောကတွေ ရောက်နေကြရပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြော သည်။

ပြီးခဲ့သည့် လများအတွင်းကလည်း အလားတူ လူပျောက်ကြော်ငြာနှင့် အကူညီတောင်းခံမှုများရှိခဲ့ပြီး ပျောက်ဆုံးသူများထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးငယ်များနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသားငယ်များလည်း ပါဝင်နေပြီး ယခုရက်ပိုင်းအတွင်း ပျောက်ဆုံးမှုများတွင် ကလေးသူငယ်ပျောက်ဆုံးမှုအများဆုံးဖြစ်ပေါ်နေကြောင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်အစိုးရက ငလျင်‌ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦးများကို ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်

တရုတ်အစိုးရအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦးများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံး၏ အသိပေးချက်အရ သိရသည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦးဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်သွားမည်ဖြစ်ပြီး၊ လက်ရှိ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။ အလားတူ တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွက် ယွမ်ငွေ (၁)ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ ထပ်မံပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ယင်းငွေဖြင့် လောင်စာဆီ၊ Plank House ၊ ခွဲစိတ်ခန်း၊...

ကလောဘူတာရုံအား စနစ်ကျပြီးသန့်ရှင်းသပ်ရပ်မှုရှိသည့်ဘူတာရုံဖြစ်ရန်လိုဟု နစက ဥက္ကဋ္ဌပြော

ဧပြီ ၉ ရက်က ကလောမြို့သို့ရောက်ရှိ​နေ​သော နစက ဥက္ကဋ္ဌသည် ကလောဘူတာရုံအားကြည့်ရှုစစ်ဆေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ ကလောဘူတာအတွင်းကြည့်ရှုစစ် ဆေးပြီးနောက် ဘူတာရုံအနေဖြင့် စနစ်တကျရှိရမည်ဖြစ်ကာ ခြံစည်းရိုးကာရံထားရမည်ဖြစ်ပြီး ဘူတာရုံအဝန်းအဝိုင်းအတွင်း မီးရထားဝန်ထမ်းများနှင့် ရထားစီးခရီးသည်များသာရှိရမည်ဖြစ်ပြီး စနစ်ကျနပြီးသန့်ရှင်းသပ်ရပ်မှုရှိသည့် ဘူတာရုံဖြစ်ရန်လိုကာ ဘူတာရုံသမိုင်းမှတ်တမ်းဓာတ်ပုံများကိုလည်း စနစ်တကျထိန်းသိမ်းခင်းကျင်းပြသထားရမည်ဟု မှာကြားသည်။ ထို့ပြင် ကလောချောင်းတစ်လျှောက်ရေများပိတ်ဆို့နေခြင်းမရှိဘဲ စဉ်ဆက်မပြတ်စီးဆင်းမှုရှိစေရေးအ တွက် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကာ ချောင်းအတွင်းအမှိုက်စွန့်ပစ်ခြင်းများမရှိစေရန် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းတို့ဖြင့် ကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ " မိမိတို့နေထိုင်တဲ့ဒေသ သာယာလှပရေးနဲ့လူနေမှု စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်တာကြောင့် ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထိုနောက်...

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် ဆေးဝါးများ ထပ်မံရောက်ရှိ

နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ဧပြီ (၁၀) ရက် နံနက်ပိုင်းက ထပ်မံရောက်ရှိခဲ့ကြော င်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိ‌ကြောင်း နစက က ထုတ်ပြန်ထားသည်။ ယခုအခါ နီပေါနိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် (၂၅၄၄၅) ကီလို ဂရမ်တင်ဆောင်လာသော A-330 အမျိုးအစား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071