ယနေ့ ဧပြီလ (၆) ရက် ၊ နံနက် (၇) နာရီ ကျော်မှ နေ့လယ် (၁၂) နာရီ ကျော်အထိ မြန်မာပြည်တွင်း၌ ဗဟိုပြု၍ ငလျင် လှုပ်ခတ်မှု (၃) ကြိမ် ဖြစ်ထားကြောင်း သိရသည်။
နံနက် (၇) နာရီ (၁၉) မိနစ် အချိန်တွင် သံတောင်ကြီးမြို့၏ တောင် – အရှေ့တောင်ဘက် (၁၅) မိုင်အကွာ ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃.၅ ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် (၉) နာရီ (၄၇) မိနစ်အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့ အနောက်ဘက် (၆) မိုင်ခန့်အကွာ ၊ မြေအောက်အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား (၃.၄) ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလက အသိပေးထားသည်။
ထို့ပြင် နေ့လယ် (၁၂) နာရီ (၈) မိနစ်အချိန်တွင် သာစည်မြို့ ၏ အရှေ့မြောက်ဘက် (၁၃) မိုင်ခန့်အကွာ ၊ မြေအောက်အ နက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား (၃.၈) ရစ်ခ်ျတာစကောင်း အဆင့်ရှိ ငလျင်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုအပါအဝင် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်ရာ လက်ရှိအချိန်ထိ အကြိမ်ပေါင်း (၉၀) လှုပ်ခတ်သွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။