ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊ ဘိုးရာဇာရပ်ကွက်အတွင်း မီးလောင်ကျွမ်းခဲ့သဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၄၇)မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။
အလားတူ မွန်းလွဲ (၁၂)နာရီ မိနစ်(၅၀)ခန့်အချိန်၌ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက် အောက်လမ်းမကြီးပေါ်ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ပြင်သို့ မော်လမြိုင်ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၊ မည်သည့်အတွက် မီးလောင်ကျွမ်းရခြင်းနှင့် မီးလောင်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။
အဆိုပါ မီးလောင်ကျွမ်းမှုများအတွက် ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းများထံ ပေါ်ပြူလာနယူးစ်အနေဖြင့် ဖုန်းဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
“မော်လမြိုင်မြို့ SONY လျှပ်စစ်ပစ္စည်းဆိုင်မီးလောင်တာက မီးများပါတယ်။ မီးလောင်ချိန်လေကလည်းတိုက်နေတော့ ဘေးအိမ်ကိုပါ မီးကူးလောင်နေတာတွေ့ရပါတယ်။ ငြိမ်းနေတုန်းပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။