မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။
နစက ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။
ယခုနှစ် နေပြည်တော်လမ်းလျှောက် မြန်မာ့ရိုးရာအတာသင်္ကြန်အား ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံရသည်ကို အသိအ မှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်သည်။