ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ယာဉ်မတော်တဆမှု(၂)ခုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ထံမှ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ် အခွန်လွတ်ဈေးအနီးရှိ ရန်ကုန်-သန်လျင်ရထားလမ်းဖြတ်ကျော်ဂိတ် Crossing တွင် ယာဉ်ကြောခွဲထားသည့် လမ်းလယ်ကွန်ကရိတုံးအား ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်ည ၈ နာရီခန့်တွင် BOX ကားမှဝင်တို-က်မိပြီးနောက် တိမ်းမှေ-ာက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မိတိမ်းမှေ-ာက်ခဲ့မှုကြောင့် BOX ကားမောင်းသူမှာ ဦးခေါင်း၌ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြို့ဦးလုလင်နာရေးကူညီမှုအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ည ၁၁ နာရီခွဲခန့်၌လည်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းဆုံမီးပွိုင့်တွင် ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတို-က်မိသဖြင့် ဆိုင်ကယ်ပေါ်မှ အမျိုးသား(၃)ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဝန်းရံမှူးကူညီကယ်ဆယ်ရေးအသင်းမှ ၎င်းတို့(၃)ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။