Saturday, November 23, 2024

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့်...

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏...

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင်...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်”...

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ် (၆) ခေတ်" ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက်...

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့် ဒေါ်လာ ထပ်မံထုတ်ရောင်း

ယမန်နေ့တွင် ထိုင်းဘတ် ၁၇ ဒသမ ၇၉၇ သန်းနှင့် ဒေါ်လာ ၂၅၀၀၀ ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ ယခုတစ်ကြိမ်ထပ်မံထုတ်ရောင်းပေးမှုအပါအဝင်...
HomeNewsLocal Newsယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထား

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ရောက်ရှိရာဒေသမှ ကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ကောလိပ်များ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည့်အချိန်တွင် ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ယင်းကဲ့သို့ စီစဉ်ပေးထားခြင်း ဖြစ်သည်ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများ ကျောင်းအပ်နှံသည့်အခါ တက္ကသိုလ်များမှ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်သည့်အခါတွင် ဘွဲ့လက်မှတ် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအပ်နှံသူ၏ မိဘမှတ်ပုံတင် မိတ္တူများလိုအပ်ပြီး မိဘများ၏ မှတ်ပုံတင်မိတ္တူများ မပါလျှင်လည်း ကျောင်းအပ်လက်ခံမည် ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် Online ဖြင့် ဆောင်ရွက်သည့် စမ်းသပ်ကျောင်းများတွင် မိဘများ၏ မှတ်ပုံတင်နံပါတ်ကိုသာ ဖြည့်ရန်လိုအပ်ကာ ဒုတိယနှစ်နှင့် အထက်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များသည် သက်ဆိုင်ရာ ကျောင်းများတွင် ရှိကာ မိဘများ၏ အိမ်ထောင်စုဇယားကို အဆောင် နေထိုင်ခွင့် လျှောက်ထားလျှင် အဆောင်စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရန် အတွက်သာ တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီး ဌာနအနေဖြင့် မိဘများ၏ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုဇယား အထောက်အထားများမပါရှိဘဲ ယာယီနေရပ်စွန့်ခွာ ကလေ-းများ ရောက်ရှိဒေသမှ အခြေခံ ပညာကျောင်းများသို့ ဝင်ရောက်သင်ကြားခွင့်ပြုလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏ လှူဒါန်းမှုများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များလည်း ပါဝင်ပြီး ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ (၂၂) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက ပေးပို့လှူဒါန်းသည့် အဝတ်အထည်၊...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်” ယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေမည်

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ် (၆) ခေတ်" ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး ယိမ်းအက အစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူ (၁၀၀)နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071