ယူကရိန်းဆန်တင်ပို့မှုအတွက် ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် G 20 ဖိအားပေးကြိုးပမ်းမည်
ဝါရှင်တန်၊ဇူလိုင် ၆
ယူကရိန်းပဋိပက္ခကြောင့် ပိတ်ဆို့ထားသော ပင်လယ်ရေကြောင်းလမ်းများကို ပြန်ဖွင့်ပေးရန်အတွက် ရုရှားအားဖိအားပေးရန် G20 နိုင်ငံများကို ယခုတစ်ပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တောင်းဆိုမည်ဖြစ်ပြီး မော်စကို၏ စစ်ပွဲကိုမထောက်ခံရန် တရုတ်ကို ထပ်မံသတိပေးမည်ဖြစ်သည်။
ကန်နိုင်ငံခြားရေးဝန်ကြီးသည် ဘာလီတွင်ကျင်းပမည့် G 20 အစည်းအဝေးကို တက်ရောက်ရန် ဇူလိုင် ၆ ရက်ဗုဒ္ဓဟူးနေ့၌လာရောက်မည်ဖြစ်သည်။အဆိုပါအစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံမည်ဖြစ်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်တော့တွေ့ဆုံမည့်အစီအစဉ်မရှိ ဟုသိရှိရသည်။
အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည်ယူကရိန်းစစ်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်ရသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ရုရှားကလည်း ယခုလိုဖြစ်ရခြင်းသည် အမေရိကန်ကဦးဆောင်ပြုလုပ်သော ပိတ်ဆို့အရေးယူမှုကြောင့်သာဖြစ်သည်ဟု ပြန်လည်ချေပထားသည်။
ရုရှားကတာဝန်ခံပြီးဆန်ပို့ဖို့ ပင်လယ်လမ်းကြောင်းများပြန်ဖွင့်ရန်အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းအားထုတ်မှုများကိုG20 နိုင်ငံများကထောက်ခံကြောင်း ၎င်းကပြောကြားခဲ့သည်။
ယူကရိန်းသည် ၎င်း၏သင်္ဘောများ သွားလာမှုကို ရုရှားကပိတ်ဆို့ထားသည်ဟု စွပ်စွဲထားပြီး ယခုတစ်ပတ်တွင် တူရကီ၊ကုလသမဂ္ဂတို့နှင့်ပါ စပါးတင်ပို့မှု အတွက် အာမခံချက်များရရှိရန် ဆွေးနွေးနေကြောင်းပြောကြားခဲ့သည်။
သို့သော်ထိုအချက်ကိုရုရှားကငြင်းဆိုခဲ့ပြီး ၎င်း၏ပိတ်ဆို့မှုကြောင့်မဟုတ်ပဲ ယူကရိန်းက ၎င်း၏ဆိပ်ကမ်းများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများလုပ်နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။
Source – Reuters/fh