Wednesday, November 20, 2024

ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်သူများ...

ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သည့်...

တရုတ်၌ လီသီယမ််ဖြင့်ပြုလုပ်ထားသည့် လျှပ်စစ်ကားဘက္ထရီများအားရထားဖြင့်သယ်ယူမှုစတင်

ချုံရှင်း၊နိုဝင်ဘာ ၁၉ China Railway သည် လီသီယမ်ဖြင့်ပြုလုပ်ထားသည့် EV ဘက္ထရီများကို ရထားများဖြင့် သယ်ယူမှုကိုစမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က အဆိုပါရထားများသည်...

ကိုးကန့်ခေါင်းဆောင်သည်ဆေးကုသမှုခံယူနေခြင်းသာဖြစ်–ပေကျင်း

ပေကျင်း၊နိုဝင်ဘာ ၁၉ မြန်မာလက်နက်ကိုင်ကိုးကန့်ခေါင်းဆောင်ကို တရုတ်ဘက်မှ ထိန်းသိမ်းထားသည်ဟူသောသတင်းများ ထွက်ပေါ်လာသည်။ ပေကျင်းကဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ၎င်းသည် ယူနန်ပြည်နယ်တွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း ပေကျင်းကထုတ်ပြန်ကြေငြာခဲ့သည်။ ပေကျင်းသည် လက်ရှိအစိုးရနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသလို ၎င်းနယ်စပ်ရှိ...

နိုဝင်ဘာလလယ်ထိထိုင်းသို့ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသန်း၃၀ကျော်

ဘန်ကောက်၊နိုဝင်ဘာ ၂၀ ထိုင်းနိုင်ငံသည် နိုဝင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွား ၃၀ ဒသမ ၅၆ သန်းကျော်စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အစောပိုင်းကာလထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်းသိရသည်။ ယင်းသို့လာရောက်လည်ပတ်သူများအနက် တရုတ်ခရီးသွား ၅...
HomeInternationalယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များကို...

ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များကို အမေရိကန်က အသုံးပြုခွင့်ပေးပြီးဖြစ်ကြောင်း ပင်တဂွန်အတည်ပြု

ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန်ကို သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က ခွင့်ပြုပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်သည်။

လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန် ယူကရိန်းအစိုးရကို ခွင့်ပြုထားပြီးဖြစ်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ် အရာရှိတဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အရပ်သားများနေထိုင်ရာ ဒေသများတွင်မူ ထိုမိုင်းများအသုံးပြုမည်မဟုတ်ကြောင်းကို ယူကရိန်းဘက်မှ ကတိပြုထားကြောင်း အဆိုပါအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းမိုင်းများသည် သတ်မှတ်ကာလတစ်ခုအတွင်းတွင်သာ အလုပ်လုပ်သော မိုင်းအမျိုးအစားများဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်သွားပါက အသက်မဝင်တော့သည့် ရေရှည်မတည်မြဲသောမိုင်းများဖြစ်ကြောင်းကိုလည်း သူက ရှင်းပြသည်။

ယူကရိန်းသို့ လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ ပို့ဆောင်ခြင်းကို ဘိုင်ဒင်အစိုးရကခွင့်ပြုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အပြင်ဘက်တွင် အမေရိကန် မြေမြှုပ်မိုင်းများ လွှဲပြောင်းပေးပို့ခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်ထားသည့် အမေရိကန်အစိုးရ၏ အစောပိုင်းမူဝါဒကိုပါ ပြောင်းပြန်လှန်ခဲ့ကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်သူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်

ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် တို့မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး (၆)ဘာသာစုစုပေါင်း ရမှတ်(၄၅၀)နှင့်အထက်ရရှိသည့် ကျောင်းသား/သူများအားလုံး အကျုံးဝင်မည်ဖြစ်သည်။ ၎င်းတို့အနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ(၃)ဘာသာ စုစုပေါင်းရမှတ် (အနည်း/အများ)ပေါ်မူတည်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို လူတွေ့နုတ်မေးစာမေးပွဲ စစ်ဆေးပြီး ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။ ထို့ကြောင့် ဝေးလံခက်ခဲဒေသများနှင့်...

တရုတ်၌ လီသီယမ််ဖြင့်ပြုလုပ်ထားသည့် လျှပ်စစ်ကားဘက္ထရီများအားရထားဖြင့်သယ်ယူမှုစတင်

ချုံရှင်း၊နိုဝင်ဘာ ၁၉ China Railway သည် လီသီယမ်ဖြင့်ပြုလုပ်ထားသည့် EV ဘက္ထရီများကို ရထားများဖြင့် သယ်ယူမှုကိုစမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က အဆိုပါရထားများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်းပြည်နယ်၊စီချွမ်နှင့်ကွေ့ကျိုးပြည်နယ်များသို့ ဘက္ထရီများတင်ကာရထားသုံးစင်းဖြင့်ပြေးဆွဲစမ်းသပ်ခဲ့ခြင်းလည်းဖြစ်သည်။ အန္တရာယ်ရှိပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ယခင်က‌ ရေကြောင်းနှင့်ကုန်းလမ်းမှသာသယ်ယူသည့် လီသီယမ်များအများဆုံးထွက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယခုလိုမျိုး သယ်ယူမှုစနစ်ပြောင်းလဲအသုံးပြုနိုင်လိုက်ခြင်းသည် အရေးပါသောပြောင်းလဲမှုတစ်ခုလည်းဖြစ်လာခဲ့သည်။ လီသီယမ်သည် သယ်ဆောင်ချိန်၌ လှုပ်ခတ်သွားပါက လောင်ကျွမ်းပေါက်ကွဲတတ်သဖြင့် အန္တရာယ်ရှိပစ္စည်းစာရင်းတွင်ထည့်သွင်းထားခြင်းလည်းဖြစ်သည်။ ရထားဖြင့်သယ်ယူသော်လည်း လီသီယမ်သယ်ရန်အတွက် အထူးပြုလုပ်ထားသည့် ရထားမျိုးဖြင့်သယ်ယူခြင်းဖြစ်ကာ ရထားကိုယ်ထည်ကို မီးလောင်ရန်ခဲယဥ်းသည့် သတ္တုအမျိုးအစားဖြင့်လုပ်ထားသလို မီးခိုးနှင့်အပူချိန်ကိုထောက်လှမ်းသည့်ကိရိယာများ၊လေဝင်လေထွက်ကောင်းစေမည့်ကိရိယာများပါတပ်ဆင်ထားသည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ ရထားဖြင့်ပို့ဆောင်ရေးသည် လီသီယမ်ဘက်ထရီများကို ကုန်းလမ်းဖြင့်ပို့ဆောင်ခြင်းထက် ပိုမိုထိရောက်ပြီး ပင်လယ်ရေကြောင်းသယ်ယူရေးထက်...

ကိုးကန့်ခေါင်းဆောင်သည်ဆေးကုသမှုခံယူနေခြင်းသာဖြစ်–ပေကျင်း

ပေကျင်း၊နိုဝင်ဘာ ၁၉ မြန်မာလက်နက်ကိုင်ကိုးကန့်ခေါင်းဆောင်ကို တရုတ်ဘက်မှ ထိန်းသိမ်းထားသည်ဟူသောသတင်းများ ထွက်ပေါ်လာသည်။ ပေကျင်းကဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ၎င်းသည် ယူနန်ပြည်နယ်တွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း ပေကျင်းကထုတ်ပြန်ကြေငြာခဲ့သည်။ ပေကျင်းသည် လက်ရှိအစိုးရနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသလို ၎င်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ဆက်ဆံရေးကိုထိန်းထိန်းသိမ်းသိမ်းဆက်ဆံနေခြင်းမျိုးဖြစ်သည်။ မြန်မာပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် MNDAA ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို တရုတ်ဘက်ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကသတင်းများထွက်ပေါ်လာခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ဘက်သို့စုံစမ်းမေးမြန်းခဲ့ရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ကိုးကန့်ခေါင်းဆောင် မစ္စတာဖုန်တာ့ရွှင်အားဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းသည် ဆေးကုသမှုခံယူရန်အတွက် တရုတ်နိုင်ငံဘက်သို့ဝင်ရောက်ခွင့် လျှောက်ထားခဲ့ခြင်း သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်Photo credit to SCMP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071