Friday, March 14, 2025

နေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း (၂)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်တွင် တောမီးလောင်ကျွမ်းမှုနှင့် မြက်ခြောက်မီးလောင်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ် ၁၄ ရက်တွင်လည်း ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် တောမီးနှင့် မြက်ခြောက်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့...

ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို ဒိုင်ပေးမှတ်ဖြင့်...

ယနေ့ မတ်လ (၁၄)ရက် ညပိုင်းအချိန်၌ ONE ၏ ရာပြည့်ပွဲတစ်ခုဖြစ်သည့် ONE Friday Fights -100 ပွဲစဉ်တွင် ထိုင်း...

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့်...

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန်...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ...
HomeInternationalယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန်...

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃

ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။

ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက် ဝေါဇ့် တို့သည် ဗုဒ္ဓဟူးနေ့တွင် ဖုန်းဖြင့်စကားစမြည်ပြောဆိုခဲ့ပြီး ပြောဆိုစဉ်အတွင်း “အချို့သောသတင်းအချက်အလက်များ” ကို ရုရှားသို့ ပေးအပ်ခဲ့ကြောင်း ပက်စကော့ဖ် မှပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့ညနေတွင် နိုင်ငံတကာဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ပြီး အခြားအဆက်အသွယ်များရှိနိုင်ကြောင်းကိုလည်း မငြင်းပယ်ထားပေ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က မော်စကိုသည် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ တွင် မကြာသေးမီကပြုလုပ်ခဲ့သော အမေရိကန်-ယူကရိန်း အစည်းအဝေးကို အနီးကပ် စောင့်ကြည့်နေပြီး ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားသည် ကြာသပတေးနေ့တွင် ဖြစ်နိုင်ချေရှိသော အဆိုပြုချက်များကို အမေရိကန်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျက်ဒါ မြို့မှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီးနောက် ယူကရိန်းက “ချက်ခြင်း ကြားဖြတ် ယာယီရက် ၃၀ အပစ်အခတ်ရပ်စဲရေး” အတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း အင်္ဂါနေ့က အချက်ပြလိုက်ကြောင်း သူတို့၏ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါသည်။

အပစ်အခတ်ရပ်စဲရေးကို အပြန်အလှန်သဘောတူညီချက်ဖြင့် သက်တမ်းထပ်တိုးနိုင်သည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားပြီး “ရုရှားနှင့်အပြန်အလှန်ဆက်ဆံရေးသည် ငြိမ်းချမ်းရေးရရှိရန် အဓိကသော့ချက်ဖြစ်သည်” ဟုလည်း ရုရှားနိုင်ငံသို့ ပြောဆိုသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း (၂)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်တွင် တောမီးလောင်ကျွမ်းမှုနှင့် မြက်ခြောက်မီးလောင်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ် ၁၄ ရက်တွင်လည်း ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် တောမီးနှင့် မြက်ခြောက်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ မတ် ၁၄ ရက်ည ၇ နာရီ ၂၀ မိနစ်ခန့်က ပုဗ္ဗသီရိမြို့နယ်၊ ဝနဒီပရပ်ကွက်၊ ပိတောက်လမ်းတောင်ဘက်ရှီ သရက်ရှင်းဆည်အနီးတောင်ပေါ်၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွား၍ ပုဗ္ဗသီရိမြို့နယ်မီးသတ်ခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ မတ် ၁၄ ရက်မွန်းလွဲ ၂ နာရီ...

ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ရိုးရာဖိုက်တာ စူပါရေချမ်း

ယနေ့ မတ်လ (၁၄)ရက် ညပိုင်းအချိန်၌ ONE ၏ ရာပြည့်ပွဲတစ်ခုဖြစ်သည့် ONE Friday Fights -100 ပွဲစဉ်တွင် ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို သုံးချီအပြည့်ထိုးနိုင်ခဲ့သော်လည်း ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ရိုးရာဖိုက်တာ စူပါရေချမ်းအနေဖြင့် ပြိုင်ဘက် ဆန်းဂါးသစ်၏ ထိုးချက်ကြောင့် Knockdown တစ်ကြိမ်ကျခဲ့ကာ အမှတ်စဉ်ရေတွက်ခံခဲ့ရသော်လည်း တတိယအချီ ပြီးဆုံးချိန်အထိ ရင်ဆိုင်ထိုးနိုင်ခဲ့သည့်အတွက် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သည်။ ယနေ့ ပွဲစဉ်တွင် ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်မှာလည်း Knockdown နှစ်ကြိမ်ကျခဲ့သော်လည်း ဒိုင်က အမှတ်စဥ်ရေတွက်ခြင်းမပြုခဲ့သည်ကိုလည်း...

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့် Enjoy Brother အသင်း

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့ မတ်လ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြရာ W United အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်၌ Enjoy Brother အသင်းက သွင်းဂိုး (၄)ဂိုးပြတ်သွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ပွဲစဉ်အတွင်း Enjoy Brother အသင်း၏ လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြင့်သည့် ကျောနံပါတ်(၈၈) ဝတ်ဆင်ကစားသည့် နေလင်းထွန်းက ဟက်ထရစ်ဂိုးနှင့် ကျောနံပါတ်(၁၉)ဝတ်ဆင်ကစားသည့် ချစ်လှအောင်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071