စက်တင်ဘာ ၂၀ ရက်က ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ သေဆုံးသူ ၁၉ ဦးနှင့် အတည်ပြုလူနာ ၅၈ ဦးရှိကြောင်း ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့တွင်သတင်းထုတ်ပြန်ထားသည်။
ယူဂန်ဒါသမ္မတ Yoweri Museveni သည် အီဘိုလာရောဂါပျံ့နှံ့မှုကိုတားဆီးရန်အတွက် ခရိုင်နှစ်ခုတွင် ၃ ပတ်ကြာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး ရောဂါဖြစ်ရခြင်းဇစ်မြစ်ကိုရှာဖွေသွားမည်ဟုသိရသည်။
ဝတ်ပြုရာနေရာများ၊ စျေးများ၊ ဘားများနှင့် ဖျော်ဖြေရေးများကို ပိတ်ထားမည်ဖြစ်ပြီး Mubende နှင့် Kassanda ၏ဗဟိုခရိုင်နှစ်ခုတွင် ၂၁ ရက်ကြာ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားသည်။
Source: aljazeera