(၁၃)ရက်ကြာ တံတားကြမ်းခင်းပြင်ဆင်နေမှုကြောင့် ယာယီဖြတ် သန်းခွင့်ပိတ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း သီပေါ- လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ယနေ့ မတ်လ (၂၄) ရက် ညနေ (၆)နာရီအချိန်၌ ပြန် လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသတွင်းခရီးသွားတစ်ဦးကပြော သည်။
အဆိုပါ စဥ့်အင်တံတားကိုမတ်လ (၁၂) ရက်မှစတင်၍ အကြီးစားပြင်ဆင်မှုများဆောင်ရွက်နေခြင်းကြောင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
စဉ်အင်တံတား ဖြတ်သန်းခွင့် ပိတ်ထားစဉ်အတွင်း ဒေသတွင်းကွင်းလမ်းများဖြစ်သည့် ကုံးမုံ-နမ္မလမ်းနှင့် လားရှိုး-အီနိုင်း-မန်စံ-မိုးတေ-သီပေါလမ်းတို့ကို ရွေးချယ်သွားလာနေကြရသည်။
“အခု ညနေ ၆ နာရီမှာ ဖြတ်ခွင့်ပြုလိုက် ပါပြီ”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ကွင်းလမ်းများမှ သွားလာနေရသည့် ဒေသတွင်းခရီးသွားများမှ ငွေ ကုန်ကြေးကျများခြင်း၊ အချိန်ကြန့် ကြာခြင်းများရှိနေသဖြင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ဆန္ဒရှိနေကြကြောင်း သိရသည်။
ရှမ်း/မြောက် တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။