ရခိုင်ပြည်နယ်တွင် ၅ ရက်မြောက် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း သုံးသောင်းကျော် ဝင်ရောက်ဖြေဆို
ရခိုင်ပြည်နယ်အတွင်း ၅ ရက်မြောက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စုစုပေါင်း ၃၃၉၇၀ ဦးရှိကြောင်းရခိုင်ပြည်နယ် ပညာရေးနှင့် ပတ်သက်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ယနေ့ ဧပြီ ၅ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ရူပဗေဒဘာသာရပ်ကို ဖြေဆိုရသည့် နေ့ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ယနေ့ဖြေဆိုသူ ကျောင်းသား (၁၅၀၇၂)ဦးရှိပြီး၊ ကျောင်းသူ (၁၈၈၉၈)ဦး စုစုပေါင်း (၃၃၉၇၀)ဦးရှိကြောင်း သိရသည်။ ယခု ၂၀၂၁- ၂၀၂၂
ပညာသင်နှစ်အတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုရာ၌ ရခိုင်ပြည်နယ်သည် ဝင်ရောက်ဖြေဆိုသူ အများဆုံး ဖြစ်သည်။
မနက်ဖြန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ဘာသာတွဲအလိုက် ဧပြီ ၆ရက်နေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက်နေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက်နေ့တွင် သမိုင်းနှင့် ဧပြီ ၉ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ တို့ကို နောက်ဆုံးထား၍ ဖြေဆိုသွားကြရမည်ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်နေ့အထိ ကိုးရက်ကြာကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓာတုဗေဒဘာသာရပ်ဖြေဆိုသူ စုစုပေါင်းမှာ ၂၂၇၇၄၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း၉၀ ဒဿမ ၂၂ရာခိုင်နှုန်းရှိကြောင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။