ရခိုင်ယူနိုက်တက်နည်းပြချုပ်အသစ်ဖြင့် တာဝန်ယူကိုင်တွယ်မည့် ဘရာဇီးလ်နိုင်ငံသား ရီကာဒိုဒါရိုချာသည် မတ်လ (၂၆)ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်နိုင်ငံသား ရီကာဒိုဒါရိုချာသည် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ MNL League Cup ပြိုင်ပွဲ၀င်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းနှင့်အတူ မတ်လ (၂၇)ရက် စတင်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြူလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နည်းပြချုပ်အသစ်အား ရခိုင်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ဦးကျော်လွင်၊ အသင်းမန်နေဂျာ ဦးသက်
ထူးနိုင်ဦး နှင့် လက်ရှိနည်းပြချုပ် ဦးမိုးဟိန်းမြင့်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်ကြိုဆိုခဲ့ကြပြီး အသင်းဥက္ကဌဦးလှကျော်၀င်း နှင့် ထပ်မံတွေ့ဆုံခဲ့သည်။
ရီကာဒိုဒါရိုချာသည် ဘရာဇီးကြယ်ပွင့်
ရိုမာရီယိုနှင့်အတူ ဗာစကိုဒါဂါးမားအသင်း၌ တွဲကစားဖူးသူဖြစ်ပြီး တောင်အမေရိက ဘိုလစ်ဗီးယား ယူ-၁၇ အသင်းအပါအ၀င် လူငယ်အသင်းနည်းစနစ်ပိုင်းဆိုင်ရာတာ၀န်ရှိသူအဖြစ် နောက်ဆုံးတာ၀န်ယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။