ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာသူကတော့ သရုပ်ဆောင် အလင်းရောင်ပါ။ အခုလတ်တလော ကျော်ကျော်ဗိုလ်၊ မေ၊ ခင်မို့မို့အေး၊ ရဲမွန်တို့နဲ့ ပုံရိပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ထူးဆန်းတဲ့ ကာရိုက်တာပုံစံမျိုးလေးနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင်အလင်းရောင်က သာသာနာ့ဘောင်ကိုလည်းဝင်ရောက်ခဲ့ပါသေးတယ်။ ရဟန်းဘောင်သို့ တစ်ခါမှ မဝင်ရောက်ဖူးတာကြောင့် ရဟန်းဝတ်ဖြစ်ပုံနဲ့ပတ်သက်ပြီး အလင်းရောင်က…
”ကျွန်တော် ကိုရင်လည်း တစ်ခါမှ မဝတ်ဖူးဘူး။ သင်္ကြန်ရောက်ရင် ဝတ်မယ်ဝတ်မယ်ဆိုပြီး မဝတ်ဖြစ်လို့ အခု ၁၁ လပိုင်းမှာ ကားရိုက်လည်း နားထားပြီး ကျွန်တော်ရဟန်းဘောင်ကိုဝင်ဖြစ်တာပါ။ ကျွန်တော် ပါချုပ်ဆရာတော်ကြီးဆီမှာ ဘုန်းကြီးငါးရက်ဝတ်ဖြစ်တယ်။ အဓိကက ကျွန်တော် ဘုန်းကြီးဝတ်နေတဲ့အချိန်မှာ တော်တော် စိတ်အေးချမ်းတယ်။ မနက်ပိုင်းဆိုဆွမ်းခံကြွတယ်။ ရဟန်း တစ်ပါး ဝိနည်းနဲ့အညီ ကျွန်တော်နေတယ်။ ဖုန်းတွေဘာတွေလည်း ထားခဲ့တယ်။ ဘုရားစာအုပ်တွေဖတ်တယ်။ တရားတွေနားတယ်။ ဘာသာရေးဘက်ကို ပိုပြီးတော့လုပ်ဖြစ်တယ်”လို့ ပြောပြပါတယ်။
အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက မေနဲ့ တစ်မျိုးမြင်နေကြတဲ့အပေါ်ကိုလည်း အလင်းရောင်က အခုလိုမျိုး ပြောပြခဲ့ပါသေးတယ်။
”ပရိသတ်တွေထင်နေသလိုမျိုး မဟုတ်ပါဘူး။ မေနဲ့ကရင်ဘတ်ခြင်း ဖွင့်ပေါင်းလို့ ရတဲ့သူငယ်ချင်းမျိုးတွေပါ။ မေက တကယ်ကို ခင်ဖို့ကာင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်။ ကျွန်တော်တို့က စိတ်ထဲမှာ ခင်ရင်ခင်တယ်။ မခင်ရင်မခင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ပေါင်း တတ်တဲ့ သူမျိုး။ သူနဲ့ကျွန်တော်နဲ့က အပစန တူတယ်။ သူလည်း သီချင်း ဆိုတယ်။ ကျွန်တော်လည်း သီချင်းဆိုတယ်။ နှစ်ယောက်ပေါင်းပြီး သီချင်း လုပ်မယ်ဆိုရင် မြေ ရောက်သွားတယ်။ သီချင်းလည်းနှစ်ယောက်ပေါင်း ပြီးလုပ်ဖို့တွေလည်း ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အလင်းရောင်က သူငယ်ချင်းတွေကြားမှာ စိတ်ဆိုးစိတ်ကောက်လွယ်တာနဲ့ ပတ်သက်ပြီး….
”စိတ်ဆိုး၊ စိတ်ကောက်လွယ်တာက ကျွန်တော်က များသောအားဖြင့် မိသားစုနဲ့ပတ်သက်ရင်အားငယ်တတ်တယ်။ အဲဒါကြောင့်မို့ သူငယ်ချင်း တွေနဲ့တွေ့ရင် နည်းနည်းဆိုးတာပါ။ ဘာလို့ဆို သူငယ်ချင်းတွေက လည်း ကိုယ်ဆိုးရင်လိုက်ချော့တယ်လေ။ အဲဒါကြောင့်ဆိုးဖြစ်သွားတာပါ” လို့လည်း ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ- ဇော်ဝင်းအောင်