ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန် မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။
အဆိုပါ အရေးပေါ်ခလုတ်ကို နှိပ်ပါက “နည်းပညာဆိုင်ရာ ချို့ ယွင်းချက်ကြောင့်” ဟူသော အလိုအလျောက် အရေးပေါ် တုန့်ပြန် ပြောဆိုချက် ဘာသာစကား (၂)မျိုးဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး ရထားချက်ခြင်း ရပ်တန့်သွားမှာဖြစ်သောကြောင့် အရေးပေါ်ခလုတ်ကို မှားမနှိပ်ကြရန် မြန်မာ့မီးရထားက ပြောကြားထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းများက ရုံးဆင်းချိန်၌ ရထားအရေးပေါ်ခလုတ်နှိပ်မိ၍ ရထားရပ်သွားပြီး ခရီးစဉ်နှောင့်နှေးခြင်းမျိုး နှစ်ကြိမ် ရှိနေပြီဖြစ်သောကြောင့် ရထားအတွင်းပါရှိသည့် အရေးပေါ် အမှတ်အသား ခလုတ်များကို နှိပ်မိခြင်း၊ ဆွဲချခြင်းခြင်းများကို လုံးဝမပြုလုပ်မိကြစေရန် အထူးသတိထားပေးစေလိုကြောင်းလည်း မြန်မာ့မီးရထားက အသိပေးထားသည်။