ပဲခူးတိုင်း၊ ပြည်မြို့တွင် ဇန်နဝါရီ ၁ ရက်ည ၇ နာ ရီခွဲကျော်ခန့်က ရထားလမ်းဖြတ်မောင်းတံနှင့် မီး ရထားဝန်ထမ်းအားတို-က်ပြေးသည့် ကားနှင့်ကားမောင်းသူကို လူမှုကူညီရေးအသင်းဝင်များက ဖမ်းဆီးပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ပြည်မြို့၊ ပြည်မြို့ပြည်သူ့ဆေးရုံကြီးအနီးရှိ ရထားလမ်းကူးဂိတ်တွင် ရထားဖြတ်ပြီးချိန် မောင်းတံမဖွင့်မီအချိန်၌ အရှိန်ဖြင့်မောင်းနှင်လာသည့် အိမ်စီးကားတစ်စီးမှ မောင်းတံနှင့် သံလမ်းဂိတ်စောင့် အမျိုးသမီး မီးရထားဝန်ထမ်းတို့အား ဝင်တို-က်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူအား နှလုံးသားမေတ္တာရှင်လူငယ်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မောင်းနှင်ထွက်ပြေးသွားသည့် ကား၏ ရေတိုင်ကီမှရေကျသွားသည့်အတိုင်း လူမှုကူညီရေးအသင်းဝင်များနှင့် တာဝန်ရှိသူများက ကားနှင့်ကားမောင်းသူတို့အားလိုက်လံဖမ်းဆီးခဲ့ကြသဖြင့် ဖမ်းဆီးရမိခဲ့သောကြောင့် သက်ဆိုင်ရာရဲစခန်းသို့အပ်နှံပေးခဲ့ကြကြောင်း သိရသည်။