မြန်မာပြည် နဲ့နှစ်ပေါင်း အတော်ကြာ ဝေးကွာနေတဲ့ အဆိုတော် အေးချမ်းမေ က အောက်တိုဘာလကုန်ပိုင်း မှာ မြန်မာပြည် ကိုပြန် လည် ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ မှာတော့ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်တော့ မှာဖြစ်ပါ တယ် ။ ရွှေစင် entertainment ရဲ့ စီစဉ်မှုနဲ့ အတူ ပြုလုပ်မယ့် ဒီပွဲကို တော့ Aye Chan May One Lady Show လို့ နာမည် ပေးထာပြီး ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး အေးချမ်းမေက..
“အနုပညာသမား ကို သူ့စိတ်ကူး ပုံဖေါ်တဲ့အတိုင်း လွတ်လပ်စွာ သူတို့ရဲ့ ဆိုင်ရာကဏ္ဏ အပိုင်းကို ပုံဖော် ခွင့်ပေးလိုက်ခြင်း နဲ့တစ်ဦး နဲ့တစ်ဦး လေးစားစွာ ပြောဆို ဆက်ဆံတတ်ခြင်းကြောင့် ထွက်ပေါ်လာတဲ့ အနုပညာ ဖန်တီးမှုတိုင်းဟာ သမိုင်းတွင်စေပါတယ်။ ယုံပါ။ ဒီပွဲမှာလည်း ပရိသတ် ရင်ထဲ တစ်သက်စာ အမှတ်တရ စွဲထင်ဦးမှာပါ။ မေတ္တာ နဲ့အရင်းခံ ပါရမီရှင် များစွာ ပါဝင်သော ပွဲလေးမို့ တစ်မူ ထူးဦးမှာမို့ အနုပညာ အားပြိုင်မှုကြီးကို သီချင်းချစ်သူ တွေ စုဝေးမယ့် ပြည်သူ့ ရင်ပြင်မှာ စောင့်နေမယ်နော်” လို့ သူမရဲ့ အင်တာနက် facebook စာမျက်နှာက တစ်ဆင့်ရေးသား ဖော်ပြထား ပါတယ်။ အေးချမ်းမေ ရဲ့ ရန်ကုန်ပွဲ လက်မှတ်ဈေး နှုန်း များကိုတော့ ၅ဝဝဝဝ ကျပ်၊ ၃ဝဝဝဝကျပ်၊ ၂ဝဝဝဝကျပ်၊၁ဝဝဝဝကျပ်နဲ့ VIP စသဖြင့် သတ်မှတ် ထားကြောင်းလည်း သိရပါတယ်။
အေးချမ်းမေက ရန်ကုန်ဖျော်ဖြေပွဲ အပြီးမှာတော့ မန္တလေး မှာလည်း စည်သူ လွင်နဲ့ အတူ နှစ်ယောက်တွဲ ဂီတပွဲပြုလုပ် ဖို့ရှိတယ်လို့ သိရ ပါတယ်။
ရဲရဲ