Thursday, March 27, 2025

ဟနွိုင်ကSpaceX၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုခွင့်ပြု

ဟနွိုင်း၊မတ် ၂၆ ဗီယက်နမ်နိုင်ငံ၌ SpaceX ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုိုနိုင်ငံအတွင်း အစမ်းသဘောဖြင့်စတင်လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းမရှိကြောင်းလည်း အစိုးရဘက်ကပြောကြားခဲ့ပြီး စမ်းသပ်ခွင့်ပြုကာလသည် ၂၀၃၀ ပြည့်နှစ်ကုန်အထိကြာမြင့်မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။ အမေရိကန်အင်တာနက်ကုမ္ပဏီကို...

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS...

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ...

သင်္ဘောသားဖြစ်လိုသူများအတွက် စက်ခန်းအခမဲ့ သင်တန်းပေးမည်

သင်္ဘောသား ဖြစ်လိုသူများအတွက် စက်ခန်း အခြေခံလက်‌‌တွေ့သင်တန်းကို အခမဲ့ပေးရန် ရှိကြောင်း သိရသည်။ ယင်း အခမဲ့သင်တန်းကို သင်တန်းဆရာဦးတင်ထွန်းမှသင်တန်းသား(၃၀)ဦးထိ လက်ခံသင်ကြားပေးမည်လည်း ဖြစ်သည်။သင်တန်းတက်လိုသူများအနေဖြင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲချုပ်(MSF)သို့...

ပင်လယ်နက် အပစ်ရပ်ရေးတောင်းဆိုချက်ကိုအမေရိကန်က အကဲဖြတ်မည်-ရူဘီယို

ဘေးကင်းစွာ ရေကြောင်းသွားလာခွင့်ပြုမည့် အမေရိက,က ကြားဝင်စေ့စပ်သော ယူကရိန်းနှင့် ပင်လယ်နက်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို မော်စကိုက မူအားဖြင့် သဘောတူခဲ့ပြီးနောက် ရုရှားဘက်က တောင်းဆိုချက်များကို အမေရိကန်ပြည်ထောင်စုက...
HomeNewsLocal Newsရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများ အပတ်စဉ်ပြသပေးနေ

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများ အပတ်စဉ်ပြသပေးနေ

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းများကို အပတ်စဉ် စနေနေ့တိုင်း ပြသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “Weekend ရုပ်ရှင်အစီအစဉ်”အတွက် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်း (၁၀)ကားကို ရွေးချယ်ထားပြီး အပတ်စဉ် စနေနေ့တိုင်း ဇာတ်ကား (၁)ကားနှုန်းဖြင့် ပြသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ဆက်ပြသမှုကို မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး မှတ်ပုံတင်သို့မဟုတ် သက်သေခံကတ်ပြား ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

ပွဲတော်ပိတ်ရက်များ သို့မဟုတ် အခြားသော အစီအစဉ်များနှင့် အချိန်တိုက်မှုများကြောင့် အပြောင်းအလဲတစ်စုံတစ်ရာရှိပါက ပြောင်းလဲပြင်ဆင်မှုအတွက် ကြိုတင်အကြောင်းကြားပေးမည်ဟု ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက အသိပေးထုတ်ပြန်ထားသည်။

ဤအစီအစဉ်သည် ရုပ်ရှင်ဝါသနာရှင်များအတွက် ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တရုတ်ယဉ်ကျေးမှုနှင့် ရုပ်ရှင်အနုပညာကို စိတ်ဝင်စားသူများ အတွက် လေ့လာနိုင်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟနွိုင်ကSpaceX၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုခွင့်ပြု

ဟနွိုင်း၊မတ် ၂၆ ဗီယက်နမ်နိုင်ငံ၌ SpaceX ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုိုနိုင်ငံအတွင်း အစမ်းသဘောဖြင့်စတင်လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းမရှိကြောင်းလည်း အစိုးရဘက်ကပြောကြားခဲ့ပြီး စမ်းသပ်ခွင့်ပြုကာလသည် ၂၀၃၀ ပြည့်နှစ်ကုန်အထိကြာမြင့်မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။ အမေရိကန်အင်တာနက်ကုမ္ပဏီကို ဗီယက်နမ် နိုင်ငံတွင်း၌ ယခုကဲ့သို့ လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းသည် ဗီယက်နမ်အနေဖြင့် အမေရိကနှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် အခွန်စည်းကြပ်မှုဒဏ်ကို ရှောင်ရှားလိုခြင်းလည်းပါဝင်လိမ့်မည်ဟုလေ့လာသုံးသပ်သူအချို့ကသုံးသပ်ပြောကြားလျှက်ရှိကြသည်။ SpaceX အနေဖြင့်မူ ဗီယက်နမ်နိုင်ငံ၌ ၎င်း၏လုပ်ငန်းကိုစတင်ရန် လိုင်စင်လျှောက်ထားခြင်းရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။စတားလင့်ခ်သည် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ပေါင်း ၁၂၀ ကျော်တွင် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်ဟုလည်းသိရသည်။ Source : ရိုက်တာ

မြောက်ဒဂုံ မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်နှင့်ဆိုင်ကယ်အား ဝင်ရောက်တို-က်မိမှုဖြစ်ပွား

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မ.ဝ.တ. လမ်းဆုံတွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးဓာတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ (၂၇)ရက် နံနက်(၇)နာရီခွဲအချိန်ခန့်က ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် YBS 137 ယာဉ်တစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်အမှတ် (၀၆) သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ဝင်ရောက်တို-က်မိသော လမ်းဘေးရှိ ဓါတ်တိုင်နှင့် ဆိုင်ကယ်တစ်စီးတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး အမျိုးသား တစ်ဦးမှာလည်း...

သင်္ဘောသားဖြစ်လိုသူများအတွက် စက်ခန်းအခမဲ့ သင်တန်းပေးမည်

သင်္ဘောသား ဖြစ်လိုသူများအတွက် စက်ခန်း အခြေခံလက်‌‌တွေ့သင်တန်းကို အခမဲ့ပေးရန် ရှိကြောင်း သိရသည်။ ယင်း အခမဲ့သင်တန်းကို သင်တန်းဆရာဦးတင်ထွန်းမှသင်တန်းသား(၃၀)ဦးထိ လက်ခံသင်ကြားပေးမည်လည်း ဖြစ်သည်။သင်တန်းတက်လိုသူများအနေဖြင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲချုပ်(MSF)သို့ ဆက်သွယ်စာရင်းပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။ သင်တန်းကို ဧပြီလ(၂၂)ရက်မှ မေလ(၂)ရက်အတွင်း ဧပြီ(၂၂) ရက်မှ(၂၄)ရက်၊ ဧပြီ(၂၈)ရက်မှ(၃၀)ရက်အထိ နှင့် မေ(၂)ရက်တို့တွင် ဖွင့်လှစ်သွားမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် သင်္ဘောသားဖြစ့်သူများအတွက် ကုန်းဘတ်သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ အခမဲ့ပေးခြင်းအပြင် ယခု စက်ခန်းအခြေခံလက်‌‌တွေ့သင်တန်းကိုပါ တိုးချဲ့ပေးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071