Wednesday, December 25, 2024

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားများပြေးဆွဲမည်

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။ ရန်ကုန်-မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားကို ဒီဇင်ဘာ (၂၇) ရက်တွင်လည်းကောင်း၊ ရန်ကုန်-မော်လမြိုင်...

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့...

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM...

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍...

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက...
HomeNewsLocal Newsရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း (၄၆၇၉၆ )ဧက ပြန်လည်စိုက်ပျိုးထား

ယာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၁၁၀၁၅၀၆ ဧကတွင် ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ၁၁၀၁၅၀၆ ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လှိုင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၉၉၂၀၅ ဧက ရေပြန်ပေါ်ခဲ့ရာ ရေကျဆင်းသွားသည့် လယ်ကွင်းများ၌ စက်တင်ဘာ (၂၅) ရက်အထိ မိုးစပါး ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရန်ကျန်ရှိသော လယ်ကွက်များ၌ အောက်တိုဘာလကုန်ပိုင်းအထိ အချိန်နှင့်တစ်ပြေးညီ ပြန်လည်စိုက်ပျိုးသွားနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၄ -၂၀၂၅ ခုနှစ်တွင် ထိခိုက်ပျက်စီးခဲ့သော မိုးစပါးဧရိယာများ အပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ စိုက်ပျိုး ရေးကြီးကြပ်မှုအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ဆောင်ရွက်ထားသည့် အရန်ပျိုးပင်၊ အရန်မျိုးစပါးတို့ စီမံပေးခြင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သော ဧရိယာတို့တွင် အထွက်နှုန်း လျော့နည်းမှုမရှိစေရေး ဆောင်ရွက်မည့်နည်းလမ်းများအား နည်းပညာပေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားများပြေးဆွဲမည်

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။ ရန်ကုန်-မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားကို ဒီဇင်ဘာ (၂၇) ရက်တွင်လည်းကောင်း၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားကို မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားကို ဒီဇင်ဘာ(၂၈) ရက်တွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ရန်ကုန်-ပြည် အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားနှင့် ပြည်-ရန်ကုန် အစုန်အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မော်လမြိုင်အထူးရထားသည် မနက် (၇) နာရီ (၄၅) မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး...

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနပြော

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရွှေကုက္ကို အပါအဝင် မန္တလေး၊ လပွတ္တာနှင့် ဒေသအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ‌ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ "ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ညှိနှိုင်း၍ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်...

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ဇန်နဝါရီ ၁ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်း Application ၌ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071