မတ် (၁၇) ရက်တွင် စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုဖွင့်လှစ်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မတ် (၁၄) ရက် မွန်းလွဲပိုင်းက တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ် (၁၇) ရက်မှ မတ် (၂၂) ရက်ထိဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၉၁) ခုရှိပြီး စာဖြေသူဦးရေ (၃၉,၂၆၃) ဦးရှိကြောင်း၊ မနှစ်ကထက် စာစစ်ဌာန (၁၈) ခု တိုးလာကြောင်း သိရသည်။
အခြေခံပညာကဏ္ဍတွင် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့် စာမေးပွဲကြီးတစ်ခုဖြစ်၍ အဆင့်မြင့်ပညာနှင့် အခြား သက်မွေးပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေး ကျောင်းသားတစ်ယောက်၏ ပညာစွမ်းရည်နှင့် တတ်ကျွမ်းမှုအဆင့်အတန်းကို တိုင်းတာသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ် ၍ စာဖြေသူ ကျောင်းသား/သူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး တာဝန်ရှိသူအ သီးသီးက ပေါင်းစပ်ညှိနှိုင်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ၎င်းကဆက်လက်ပြောကြားခဲ့သည်။