ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ပြည်သူ့ရင်ပြင်တွင် ယနေ့ နိုဝင်ဘာ (၁၄) ရက် နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို နိုဝင်ဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပမည်ဖြစ်ပြီး MsME ထုတ်ကုန်ပစ္စည်းများ ၊ စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅၅၄) ခန်း ပါဝင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင် မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာ ပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ် များဖြင့် အကြို/အပို့ကားများလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။