Sunday, December 29, 2024

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ်...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing...

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ...

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းစာရင်းတွင် မေထက်လူကို ရွေးချယ်ခေါ်ယူထား

နိုင်ငံတကာပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အမေရိကန် ကောလိပ်ဘောလုံးအသင်းအဆင့်၌ ကစားနေသည့် မေထက်လူကို ရွေးချယ်ခေါ်ယူထားသည်ကို တွေ့ရသည်။ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်စဉ်...
HomeNewsLocal Newsရန်ကုန်တွင် တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု...

ရန်ကုန်တွင် တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း (၆ဝ) ခု ခွင့်ပြုပေးနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း (၆ဝ) ခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ဒီဇင်ဘာ (၂၆) ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂ ၄) ကြိမ်မြောက် အစည်းအဝေးမှ သိရခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၁,၁၈၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၂.၂၂၀) သန်းဖြစ်ပြီး လူဦးရေ (၂,၄၄၀)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း (၆ဝ) ခု ခွင့်ပြုပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၇) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၃၃) ဘီလီယံကျော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄၃) ခုအတွ က် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၅၃) သန်းကျော် ခွင့်ပြုပေးခဲ့ကာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း အနေဖြင့် (၂၉,၂၉ဝ) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ “ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။ ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး...

မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မည့် Professional Boxing ပြိုင်ပွဲကြီး

မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍...

နိုင်ငံဝန်ထမ်း (၄,၀၀၀)ခန့် ပါဝင်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကျင်းပ

နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊ နံနက်အစောပိုင်းအချိန်၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ လမ်းလျှောက်ပွဲအား မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071