Saturday, November 16, 2024

နီပေါက ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်တင်ပို့ပြီ

ခတ္တမန္ဒူ၊နိုဝင်ဘာ ၁၅ နီပေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်တင်ပို့မှုကို နိုဝင်ဘာ ၁၅ ရက် သောကြောနေ့ကစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံပြီးနောက် ပထမဆုံးအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။ ယခုအစီအစဉ်သည် အောက်တိုဘာလအစောပိုင်းက...

တရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ပေကျင်း၊နိုဝင်ဘာ ၁၅ တရုတ်နှင့်စင်္ကာပူတို့၏ နှစ်နိုင်ငံစစ်တပ်များသည် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ပြည်နယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အဆိုပါပြောရေးဆိုခွင့်ရှိသူက ယခုတစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည်ပူးတွဲ မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်သည့်ပုံစံဖြင့်နှစ်စဉ်လေ့ကျင့်နေကျပုံစံအတိုင်း နှစ်ဖက်အစိုးရသဘောတူညီမှုဖြင့်လုပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် တပ်မတော်နှစ်ရပ်အကြား...

စပိန်၌ ဘိုးဘွားရိပ်သာမီးလောင်သဖြင့် လူ ၁၀...

မက်ဒရစ်ဒ်၊နိုဝင်ဘာ ၁၅ သောကြာနေ့အစောပိုင်းက စပိန်နိုင်ငံမြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ နှစ်ဦးကို ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန်နံနက် ၅...

ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင်...

ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ (၁၅) ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပရာ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမိသားစုမှ က ထိန်သင်္ကန်း...
HomeNewsLocal Newsရန်ကုန်တွင် တန်ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ...

ရန်ကုန်တွင် တန်ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တို-က်ခံရပြီး (၅)ဦးနှင့် အထက် အသက်ဆုံးခဲ့ရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တို-က်ခံရမှကြောင့် ေ-သဆုံးသူ (၅)ဦးနှင့် အထက်ရှိခဲ့ပြီး ကလေ-း၊ လူကြီး အပါအဝင် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

တန်ဆောင်မုန်း လပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တို-က်ခံရမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် အပိုင်ထဲတွင် (၅)ဦး ေ-သဆုံးခဲ့ရပြီး စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း နယ်မြေခံလူမှုကူညီရေးအသင်း၏ မျှဝေမှုအရ သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ (၁၄) လမ်းဆုံတွင် ကားတစ်စီးပေါ်မှ ပိုက်ဆံကျဲချသည်ကို မိခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးက ပြေးကောက်စဉ် နောက်မှ ကားတစ်စီးက မိခင်ဖြစ်သူအား ဝင်တို-က်မိခဲ့ရာ ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“ပံ့သကူ ကောက်တဲ့သူတွေလည်း အရမ်းများတယ်။ များဆို မနှစ်ကထက်ကို ပိုပြီးတော့ များလာတာတွေ့ရတယ်။ အရွယ်စုံပဲ၊ ရှေ့ကားက ကားက ကျဲချတယ်။ လမ်းပေါ်က လူတွေက ကောက်တယ်။ နောက်က ကားက ဝင်တို-က်မိလို့ ေ -သဆုံးခဲ့ရတာတွေက သင်္ဃန်းကျွန်းအပိုင်ထဲမှာတင် (၅) ဦး ရှိတယ်။ ဝေဇယန္တာလမ်းမပေါ်က ဖြစ်စဉ်ဆို ရုပ်ရှင်တွေထဲကလို လူတွေက လေပေါ်ကို မြောက်တက်သွားတာလို့ အဲဒီနားက လူတွေပြောကြတယ်။ စံပြဆေးရုံကို ပို့ပေးခဲ့ရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မနည်းဘူး”ဟု လူမှုကူညီကယ် ဆယ်ရေးအသင်းတစ်သင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသ ည်။

ထို့ပြင် စမ်းချောင်းမြို့နယ် ဗဟိုလမ်း ဝေဠုဝန်လမ်းကျယ်တွင် ပံ့သကူ ပိုက်ဆံ လုကောက်ရာမှ ချော်လဲကာ ဦးခေါင်းနောက်စေ့တွင် (၆)လက်မခန့်ကွဲ၍ သွေးထွက်လွန်သည့် လူနာ အမျိုးသားတစ်ဦးကို အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမပေါ်တွင် ပံ့သကူကောက်သည့် ကလေ-းငယ် တစ်ဦးအား ဆိုင်ကယ်တစ်စီး တို-က်မိခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြေပြင်တွင် စနစ်တကျ ရှေးဦးပြုစုပေးပြီး ဆေးကုသမှုခံ ယူရန်လိုအပ်သောကြောင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်းလည်း သိရသည်။

ထိုသို့ တန်ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တို-က်ခံရမှုကြောင့် ေ-သဆုံးနှင့် ထိခိုက်ဒဏ်ရာရမှ ဖြစ်စဉ်များ အခြားဒေသများတွင်ရှိ နေနိုင်သေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတို့မှ ပြောဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါက ဘင်္ဂလားဒေ့ရှ်သို့ လျှပ်စစ်တင်ပို့ပြီ

ခတ္တမန္ဒူ၊နိုဝင်ဘာ ၁၅ နီပေါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်တင်ပို့မှုကို နိုဝင်ဘာ ၁၅ ရက် သောကြောနေ့ကစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံပြီးနောက် ပထမဆုံးအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။ ယခုအစီအစဉ်သည် အောက်တိုဘာလအစောပိုင်းက ခတ္တမန္ဒူတွင် လက်မှတ်ရေးထိုးခဲ့သော သုံးပွင့်ဆိုင်သဘောတူညီချက်အရ နီပေါသည် အိန္ဒိယမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အားတင်ပို့ခြင်းလည်းဖြစ်သည်။ အဆိုပါသုံးနိုင်ငံသဘောတူညီချက်အရ နီပေါအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အား တစ်ရက်သာရောင်းချနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် လာမည့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ပြန်လည်စတင်ရောင်းချမည်ဖြစ်သည်ဟုလည်းသိရသည်။ အဘောတူညီချက်ပါအချက်အရ နီပေါသည် နှစ်စဉ် ဇွန်လ ၁၅ ရက်မှ...

တရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ပေကျင်း၊နိုဝင်ဘာ ၁၅ တရုတ်နှင့်စင်္ကာပူတို့၏ နှစ်နိုင်ငံစစ်တပ်များသည် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ပြည်နယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အဆိုပါပြောရေးဆိုခွင့်ရှိသူက ယခုတစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည်ပူးတွဲ မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်သည့်ပုံစံဖြင့်နှစ်စဉ်လေ့ကျင့်နေကျပုံစံအတိုင်း နှစ်ဖက်အစိုးရသဘောတူညီမှုဖြင့်လုပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်စေကာ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးစစ်ဆင်ရေးများ၌ ၎င်းတို့၏စွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။ စင်္ကာပူ - တရုတ် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စီမံချက်တစ်ခုဖြစ်ပြီး ယခုနှစ်လေ့ကျင့်မှုသည် ခြောက်ကြိမ်မြောက်လေ့ကျင့်ခြင်းဖြစ်သည်ဟုလည်းသိရသည်။ Source : ရှင်းဟွာ

စပိန်၌ ဘိုးဘွားရိပ်သာမီးလောင်သဖြင့် လူ ၁၀ ဦးအသက်ဆုံးရှုံး

မက်ဒရစ်ဒ်၊နိုဝင်ဘာ ၁၅ သောကြာနေ့အစောပိုင်းက စပိန်နိုင်ငံမြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ နှစ်ဦးကို ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန်နံနက် ၅ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့်အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်းသိရသည်။ အခင်းဖြစ်နေရာသို့ မီးသတ်သမားများ ရောက်ရှိငြှိမ်းသတ်ပေးခဲ့သော်လည်း လူ ၁၀ ဦးသည် မီးခိုးငွေ့မွှန်ပြီး အသက်ဆုံးရှုံးခဲ့ရသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။‌ေ-သဆုံးသူများထဲတွင် ဘိုးဘွားများချည်းသာ ဟုတ်မဟုတ်နှင့် ဝန်ထမ်းများပါဝင်ခြင်းရှိမရှိကို အတည်မပြုရသေးကြောင်းလည်းအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါဘိုးဘွားရိပ်သာ၌ ဘိုးဘွားဦးရေ ၈၂ ဦးရှိပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ဝန်ထမ်းနှစ်ဦးရှိနေသဖြင့် မီးငြှိမ်းရန်အချိန်မီကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ အဆောက်အအုံကို လျင်မြန်စွာမီးကူးစက်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071