Wednesday, April 2, 2025

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင်...

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့်...

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊...

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊...

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍...
HomeNewsLocal Newsရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ရန်ကုန်တွင် ပုံမှန်အတိုင်း စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေ

ငလျင်ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့မှာ အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင် ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီး ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးချို့ယွင်းခဲ့သည့် အပြင် လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါပျက်စီးချို့ယွင်းမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ အရောင်းဆိုင် စုစုပေါင်း(၁ဝ၅)ဆိုင်အနက် အရောင်းဆိုင်(၉ဝ)ခန့်နှင့် မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြင်ဆင်ပြီးစီးခဲ့သဖြင့် ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကျန်အရောင်းဆိုင်များအား ဆောလျင်စွာဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့် သိုလှောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆီတင်သင်္ဘောများမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ Jetty များ တွင် (၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊ လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီ တင်ဆောင်နေသည့်သင်္ဘော (၁၁) စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်မည် မဟုတ်ကြောင်း၊ ယင်းကြောင့် ပုံမှန်ဖြန့်ဖြူးမှုများအပြင်လိုအပ်ပါက အရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် လတ်တလောအခြေအနေကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင် ထားခြင်း မပြုလုပ်ကြရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြရန် အသိပေး နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ခံခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။            မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သော ဒေသများအတွက် အစားအသောက်၊ ဆေးဝါးများ အပါအဝင် အမေရိကန်ဒေါ်လာ ၃ သန်းနှင့်ညီမျှသော အရေးပေါ်အကူအညီများထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်ဟု ဖောင်ဒေးရှင်းက ဆိုသည်။       ရန်ကုန်မြို့ရှိ နီပွန်ဖောင်ဒေးရှင်း မြန်မာဆက်ဆံရေးရုံးနှင့် ညှိနှိုင်းကာ လိုအပ်နေသော ဒေသများသို့ အကူအညီပစ္စည်းများ အမြန်ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း...

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့် အမိုးအကာများ လိုအပ်နေ

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်တွင် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေတို့ကို အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသော ဒေသများ သို့ရောက်နေသော ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ကြောင့် လိုအပ်နေသူများထံ အကူအညီများရောက်ရှိနိုင်မှုကို အဟန့်အတားဖြစ်နိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။ အင်္ဂါနေ့တွင် သေဆုံးသူ စုစုပေါင်း ၂,၇၁၉ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၄,၅၀၀...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊ အင်ဒိုနီးရှား ၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လေယာဉ်(၁၄)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအ ဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီပစ္စည်းများနှင့် ဆေးဝါးများ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071