လာမည့် သုံးရက်အတွင်း ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ ညအပူချိန်လျော့နည်း၍ အအေးပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ ၁၅ ºC အောက်နှင့် ၁၀ ºC အောက်အထိ ကျဆင်းနိုင်ပြီး နောက်(၄)ရက်တွင် သိသိသာသာအေးလာနို င်ကြောင်း ရေးသားထားသည်။
ဒီဇင်ဘာ (၃) ရက်မှ (၅) ရက်အတွင်း တောင်တရုတ်ပင်လယ်တောင်ပိုင်းမှ လေပွေလှိုင်းသည် ထိုင်းပင်လယ်ကွေ့နှင့် မလေးရှားနိုင်ငံမြောက်ပိုင်း၊ မာလက္ကာရေလက်ကြားတို့ကိုဖြ တ်၍ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ဝင်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် မိုးထစ်ချု န်းရွားနိုင်ကြောင်း သိရသည်။
ယင်းကြောင့် ကော့သောင်းမြို့တွင် ဒီဇင်ဘာ (၅) ရက်မှ ဒီဇ င်ဘာ (၁၆)ရက်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး ထို့ပြင်ဒီဇင်ဘာ (၁၃) ရက်မှ (၁၆) ရက်အထိ (၂၄) နာရီအတွင်း မိုးရေချိန် ၁၅ မီလီမီတာခန့်(၀.၆ လက်မခန့်) “မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ဦးဝင်းနိုင်ကရေးသားထားသည်။