Friday, April 11, 2025

ငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဧပြီ ၁၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်...

ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျမှုမှ ထိခိုက်ဒဏ်ရာရသူ(၄)ဦးကို...

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။ အဆိုပါ...

ဒိုမီနီကန်နိုက်ကလပ်အမိုးပြိုကျမှုမှ ‌ေ-သဆုံးသူ (၁၈၄) ဦးအထိရှိလာ

ပနားမား၊ဧပြီ ၁၀ ဒိုမီနီကန်သမ္မတနိုင်ငံ၏ မြို့တော်ဆန်တိုဒိုမင်ဂိုရှိ နိုက်ကလပ်တစ်ခု၌ ခေါင်မိုးပြိုကျမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် (၁၈၄) ဦးအထိမြင့်တက်လာပြီး (၁၅၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ၇၅ ရာခိုင်နှုန်းခန့်ပျက်စီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုပျက်နေသောစေတီများအတွင်းမှ မူလစေတီငယ်ကိုငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန်ဘုရားအနီး အမှတ်...
HomeNewsLocal Newsရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ တွင်ဆီဝယ်မရဖြစ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ တွင်ဆီဝယ်မရဖြစ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဝယ်ယူမရဖြစ်နေကြောင်း ‌စုံစမ်းသိရှိရသည်။

မကြာခင် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလရောက်တော့မည်ဖြစ်သည့်အတွက် ခရီးသွားလာသူများပြားနေပြီး ကြိုတင်ဆီဖြည့်၍ ဝယ်ယူမှုများရှိနေကြောင်းလည်း သိရသည်။

ယနေ့ညပိုင်းအထိ ရန်ကုန်မြို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့သည် ဆီကုန်၍ အရောင်းပိတ်ထားပြီး Max ဆီဆိုင်နှင့် Denko ဆီဆိုင်အချို့တွင်သာ ဝယ်ယူ၍ရနေပြီး အချိန်ကြာကြာတန်းစီစောင့်ဆိုင်းဝယ်ရကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂,၇၉၅၊ ၉၅ တစ်လီတာ ကျပ် ၂၉၁၅ ၊ ဒီဇယ်တစ်လီတာ ကျပ် ၂,၄၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၄၄၅ ဖြစ်ပြီး ယင်းဈေးနှုန်းသည် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည်မြင့်တက်နေပြီး ယနေ့ ဧပြီလ ၄ ရက်တွင် 92 Ron တစည် ၁၀၂ ဒသမ ၀၁ ဒေါ်လာ၊ 95 Ron ၁၀၆ ဒသမ ၃၆ ဒေါ် လာ၊ 10 PPM တစည် ၁၀၇ ဒသမ ၆၆ ဒေါ်လာရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဧပြီ ၁၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးမှာကြားစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန် လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသကဲ့သို့ ငလျင်ဒဏ်သင့်သူများကို မိုးရာသီမရောက်မီ အမိုးအကာအောက်၌ လုံခြုံစွာနေထိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များဆောက်လုပ်ရာတွင် စနစ်တကျဆောက်လုပ်ရန်လိုကာ အဆောက်အဦများတည်ဆောက်ရာ၌ သတ်မှတ်ချက်များနှင့်အညီတည်ဆောက်မှုများရှိစေရေးကို အသိပညာပေးမှုများဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ငလျင်ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်...

ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျမှုမှ ထိခိုက်ဒဏ်ရာရသူ(၄)ဦးကို မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေး

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူများအနက် Vajira ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရသည့် မြန်မာအလုပ်သမား(၂)ဦးနှင့် Phyathai ဆေးရုံ၌တက်ရောက်ကုသမှုခံယူနေရသော မြန်မာအလုပ်သမား(၂)ဦးတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ သံအမတ်ကြီးဦးဇော်ဇော်စိုးမှ ဧပြီ ၉ ရက်နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် သံအမတ်ကြီးမှ မြန်မာအလုပ်သမားများကို အားပေးစကားပြောကြားပြီး မြန်မာသံရုံးမိသားစုမှလှူဒါန်းသည့် ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဒိုမီနီကန်နိုက်ကလပ်အမိုးပြိုကျမှုမှ ‌ေ-သဆုံးသူ (၁၈၄) ဦးအထိရှိလာ

ပနားမား၊ဧပြီ ၁၀ ဒိုမီနီကန်သမ္မတနိုင်ငံ၏ မြို့တော်ဆန်တိုဒိုမင်ဂိုရှိ နိုက်ကလပ်တစ်ခု၌ ခေါင်မိုးပြိုကျမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် (၁၈၄) ဦးအထိမြင့်တက်လာပြီး (၁၅၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့သည်။ ဒိုမီနီကန်သမ္မတ လူဝီအဘင်နာဒါက အင်္ဂါနေ့မှ စတင်ကာနိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အင်္ဂါနေ့ နံနက်အစောပိုင်းက ဂျက်ဆက်နိုက်ကလပ်၏ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွင် ခေါင်မိုးပြိုကျကာ ရုတ်တရက် ဓာတ်အားပြတ်တောက်ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ပြိုကျရသည့်အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071