ရန်ကုန်တိုင်ဒေသကြီး၊ တာမွေမြို့နယ်တွင် (၂)ရက်အတွင်း နေအိမ်မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီ (၂၇) ရက်၊ နံနက် အစောပိုင်း (၁)နာရီ (၅၀)မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ တာမွေကြီး က/ဂရပ်ကွက်၊ ၁၅၅ လမ်းတွင် မီးလောင်မှုဖြင့်ပွားကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက်အစောပိုင်း (၂)နာရီအချိန်မီးထိန်းနိုင်ခဲ့ပြီး နံနက်အစောပိုင်း (၂)နာရီ (၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ (၂၆)ရက်၊ ည (၈)နာရီ (၂၅)မိနစ်အချိန်ခန့်ကလည်း တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ (၁၄၀)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၈)နာရီ (၃၈)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၈)နာရီ (၄၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုအကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြိုကြီးများ အပါအဝင် မြိုနယ်ဒေသအချိုတိုတွင် မီးလောင်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လျက်ရှိရာ လူ့အသက်ဆုံးရှုးမှုများလည်းရှိနေသောကြောင့် မီးဘေးအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြရန် မီးသတ်တပ်ဖွဲနှင့် လူမှုကူညီရေးအသင်းများမှလည်း နှိးဆော်ထားသည်။