ယနေ့ ဧပြီ (၅)ရက်မှစတင်၍ ရန်ကုန် – နေပြည်တော် – မန္တ လေး အစုန်အဆန် ရထားခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ် ဦးသောင်းထို က်က ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရန်ကုန်- နေပြ ည်တော် – မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယနေ့ ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ် သည်။
ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၁)အဆန် အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU ရထားတို့ ရန်ကုန်ဘူတာကြီးမှ စ တင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
” ဒီနေ့ ၁၁ -အဆန်ရထားက မနက်ငါး နာရီ.. ပြီးတော့ အမှ တ်(၇)အဆန် အဲယားကွန်းရထား (DEMU) ရန်ကုန်က စထွ က် တယ်။ မန္တလေးကလည်းထွက်တာပေါ့။ လောလောဆယ်အနေအထားကတော့ လမ်းအခြေအနေကို ကြည့်ရင်း စမ်း သပ်ပြေးဆွဲပေးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ကုန်တင်ရထားများကိုလည်း လမ်းပိုင်းအခြေအနေပေါ်မူတည်၍ အချို့တွဲဆိုင်းများအား ပြန်လည်ပြေးဆွဲပေး ရန် စီစဉ်လျက်ရှိကြောင်း ဆိုသည်။