Saturday, December 21, 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...
HomeInternationalရာစုနှစ်အတွင်း အားအပြင်းဆုံးမုန်တိုင်းကြောင့် လူပေါင်းရာနှင့်ချီ၍...

ရာစုနှစ်အတွင်း အားအပြင်းဆုံးမုန်တိုင်းကြောင့် လူပေါင်းရာနှင့်ချီ၍ ‌ေ-သဆုံး

ပြင်သစ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းစုတစ်ခုဖြစ်သော Mayotte တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အပြင်းထန်ဆုံး ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ရာပေါင်းများစွာရှိနေကာ ထောင်နှင့်ချီ၍လည်းဖြစ်သွားနိုင်သည်ဟု ဒေသဆိုင်ရာ ပြင်သစ်အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

“ရာနဲ့ချီပြီးရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ တစ်ထောင်၊ ထောင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်” ဟု အုပ်ချုပ်ရေးအရာရှိ ဖရွန်စွာဇာဗီယေ ဘီယူဗီးလ်က ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော မာ ရော့လာ ပရွမ်းမြဲ ကို ပြောကြားခဲ့သည်။

ဆိုင်ကလုန်း Chido ကြောင့် ‌ေ-သဆုံးရသူအရေအတွက်ကို မေးမြန်းရာတွင် ဘေးဒုက္ခရောက်သူအားလုံးကို စာရင်းပြုစုရန် ခက်ခဲမည်ဖြစ်ကြောင်းနှင့် ယခုအခြေအနေတွင် ကိန်းဂဏန်းအရေအတွက်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ဆိုင်ကလုန်း ချီဒို သည် မာရော့ ကို ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နေအိမ်များ၊ အစိုးရဌာန အဆောက်အအုံများနှင့် ဆေးရုံတစ်ရုံ ပျက်စီးခဲ့သည်ဟု ပြင်သစ်မိုးလေဝသဌာန မေထရို-ဖရွန့်စ် က ပြောကြားသည်။

ယင်းမုန်တိုင်းသည် နှစ်ပေါင်း ၉၀ ကျော်အတွင်း ကျွန်းစုကို ဝင်ရောက်တိုက်ခတ်ခဲ့သမျှတွင် အားအပြင်းဆုံးဖြစ်သည်ဟု မိုးလေဝသဌာနက ပြောဆိုသည်။

“ရိုးရိုးသားသားပြောရရင် ငါတို့ကြုံတွေ့နေရတာ ကြေကွဲစရာတစ်ခုပါ၊ နျူကလီးယားစစ်ပွဲတစ်ခုအပြီး ကြုံရတဲ့ ခံစားမှုလိုပါပဲ၊ ရပ်ကွက်တစ်ခုလုံး ပျောက်သွားတာကို ငါမြင်ခဲ့ရတယ်” ဟု ကျွန်းစု၏ မြို့တော် မာမုဒ်ဇူး တွင် နေထိုင်သည့် မစ္စတာ မိုဟာမက် အီစမိုင် ဆိုသူက ရိုက်တာကို ဖုန်းဖြင့်ပြောဆိုခဲ့သည်။

အနီးရှိ ကိုမိုရော့စ်ဒေသမှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများအတွက် အဓိကနေရာတစ်ခုဖြစ်သော မာယော့ ၏ ကျွန်းများထဲမှ တစ်ခုရှိ တောင်ကုန်းများပေါ်တွင် ယာယီနေအိမ် ရာနှင့်ချီ၍ ပျက်စီးသွားခဲ့သည်ကို ပြင်သစ်စစ်တပ်က ဖြန့်ဝေခဲ့သော ဝေဟင်မှ ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။

ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း လူထောင်ပေါင်းများစွာသည် အရှေ့အာဖရိကကမ်းလွန် ကိုမိုရော့စ်မှနေ၍ ပြင်သစ်လူမှုဖူလုံရေးစနစ်ကို ခံစားရကာ လူနေမှုအဆင့်အတန်းပိုမိုမြင့်မားသည့် မာယော့ သို့ ဖြတ်သန်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ မာယော့ တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၀၀,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာ၌ လူကြီး၊ ကလေ-း(လမ်း လျှောက်အလှူခံနိုင်သူ)အားလုံးကို တစ်ဦးလျင်စောင်တထည်စီလှူဒါန်းပေးခြင်းဖြစ်ပြီး ကိုယ် စားအလှူခံခြင်းများကို ခွင့်ပြုလှူဒါန်းပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ " ဒီနှစ်ဆောင်းက နည်းနည်းပိုအေးတော့ တချို့တွေက အချမ်းဒဏ်ကိုပိုခံစားနေရပါတယ်။ "ထိုက်သူပန်"အနေနဲ့က နှစ်စဉ်ဒီလိုအချိန်ကာလရောက်တိုင်း အနွေးစောင်တွေကိုလှူဒါန်းပေးလာခဲ့တာ(၄)နှစ်ကျော်လာပါပြီ။ ဒီနှစ်မှာလည်း လှူချင်လွန်းလို့ကို စောင်တွေကြိုဝယ်ထားလိုက်တာပါ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းလှူဒါန်းပေးနေတာ(၄)နှစ်ရှိပါပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကစောင်(၁၀၀၀)၊ တတိယနှစ်ကစောင်(၁၂၀၀)၊ ဒီနှစ်ကစောင်(၂၀၀၀)ပါ"ဟု ထိုက်သူပန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071