Tuesday, January 7, 2025

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ...

ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို အသိ...

ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမုတ်သုံလေအား ကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၅ ရက်က ဆောင်းရာသီကာ...

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ နိုင်ငံနှစ်ခုသို့ တရားမဝင်အလုပ်သမားများပို့...

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်ခဲ့သူ(၈)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားမှ...

မီးလာချိန်၌ Breaker များ Over...

မြန်မာနိုင်ငံတစ်ဝှမ်းတွင်ကြုံတွေ့နေရသည့် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးရာ၌ မီးလာချိန်တွင် Breaker များ Over Load မဖြစ်စေရေးအတွက် စနစ်တကျသုံးစွဲရမည့်ပုံစံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံအသိပေးခဲ့သည်။ လျှပ်စစ်မီးလာသည့်အချိန်၌ အိမ်သုံးလျှပ်စစ်...
HomeNewsLocal Newsရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska တို့ ဇန်နဝါရီ(၉)ရက် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။

ပွဲစဉ်နှင့်ပတ်သက်၍ နော်ဥမ္မာစိုးက “ပွဲက(၉)ရက်နေ့ Phuket မှာရှိမယ် အားပေးကြပါဦး”ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။

ပွဲစဉ်ကို Patong Fight Night YouTube Channel နှင့် Facebook Page မှ အခမဲ့တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ရိုးရာဖိုက်တာများအနက် Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ စောထူးအောင်က ပထမဦးဆုံး ချန်ပီယံခါးပတ်ကိုင်မြောက်နိုင်ခဲ့သူဖြစ်ခဲ့ပြီး ၊ နော်ဥမ္မာစိုးအနေဖြင့် ချန်ပီယံခါးပတ် ပိုင်ဆိုင်နိုင်မည်လားဆိုသည်ကို စောင့်မျှော်ကြည့်ရှု့ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ် ဘတ် ၃.၇၀ သို့ လျှော့ချရေး ကတိကဝတ်ပြုနိုင်ရေးအပါအဝင် ထိုင်းနိုင်ငံသားများ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားရေးကို ကူညီဆောင်ရွက်သွားရန် အာရုံစိုက်မှာဖြစ်ကြောင်း ဆိုခဲ့သည်။ Party forThailand ဟူသော ခေါင်းစည်းစားတမ်းအောက်တွင် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနေရာအတွက် ဝင်ရောက်အရွေးခံနေသည့် မစ္စ Salakjit Tiyapairat အတွက် ဒေသတွင်း မဲဆွယ်စည်းရုံးပွဲတစ်ခု၌ သက်ဆင်က မိန့်ခွန်းပြောကြားခဲ့ရာ၌ နိုင်ငံတော်၏ များပြားလှသော...

ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို အသိ ပေး

ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမုတ်သုံလေအား ကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၅ ရက်က ဆောင်းရာသီကာ လတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက် (၁/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့၌ အ ရှေ့မြောက်မုတ်သုံလေအားကောင်းမှုနှင့်အတူ ညအပူချိန်များ တဖြည်းဖြည်းကျဆင်းလာပြီး အအေးပိုခြင်း၊ လေယာဉ်ပျံများအပေါ် ရေခဲခြင်း ၊ လေထုအတွင်း နှင်းမြူများအလွန်ထူဆိုင်းခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ နိုင်ငံတစ်ဝှမ်းလုံးတွင် ဒေသအလိုက် နံ နက်ပိုင်းနှင့် ညနေပိုင်းတို့၌ မြူထူဆိုင်းခြင်း၊ အ...

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ နိုင်ငံနှစ်ခုသို့ တရားမဝင်အလုပ်သမားများပို့ ဆောင်ခဲ့သူ(၈)ဦးကိုဖမ်းမိ

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်ခဲ့သူ(၈)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားမှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်မွန်းလွဲ ၂ နာရီက မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ် စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် မြန် မာနိုင်ငံသား(၁၁)ဦးထံမှ မြန်မာနိုင်ငံကူးလက် မှတ်အတု(၁၁)အုပ်ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ နွယ်နီလှိုင်မင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071