အမေရိကန်နိုင်ငံ ၊ ဒန်ဗာမြို့၊ Ball Arena ကွင်းတွင် သြဂုတ်လ (၁)ရက်၌ ကျင်းပမည့် ONE Championship-173 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးနှင့် အင်္ဂလန်နိုင်ငံသား လီယမ်ဟဲရစ်ဆန်တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်ဟု ONE က တရားဝင်အသိပေးထုတ်ပြန်ထားပြီဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မွေထိုင်းဘန်တန်းဝိတ်တန်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကာ မွေထိုင်းကမ္ဘာ့ချန်ပီယံ လီယမ်ဟဲရစ်ဆန်နှင့် မာဂုဏ်မြင့်ရိုးရာဖိုက်တာ သံမဏိလူသား စိုးလင်းဦးတို့ ထိပ်တိုက်တွေ့ဆုံကြမည့်ပွဲကောင်း တစ်ပွဲလည်း ဖြစ်သည်။
စိုးလင်းဦး၏ ပြိုင်ဘက် အသက်(၃၉)နှစ်အရွယ် လီယမ်ဟဲရစ်ဆန်သည် One ၌ (၆)ပွဲထိုး (၄)ပွဲရှုံး (၂)ပွဲနိုင် ရလဒ် မှတ်တမ်းရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
အသက်(၃၃)နှစ်အရွယ် ရိုးရာဖိုက်တာ စိုးလင်းဦးသည်လည်း ONE ၌ (၆)ပွဲထိုး၊ (၃)ပွဲနိုင်၊ (၃)ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသူဖြစ်ပြီး ကနဦး(၃)ပွဲ၌ အလဲထိုးများဖြင့် အနိုင်ရခဲ့သော်လည်း နောက်ဆုံး (၃)ပွဲဆက်အမှတ်ဖြင့် အရေးနိမ့်ထားသည်။
၎င်းတို့(၂)ဦး၏ တူညီချက်မှာ မွေထိုင်းဖိုက်တာ ဆက်ဆန်ကို ရှူံးနိမ့်ထားကြသော်လည်း
လီယမ်ဟဲရစ်ဆန်မှာအလဲထိုးဖြင့်ရှုံးနိမ့်ကာ စိုးလင်းဦးမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ထားကြသည်။