ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လှူဒါန်းပါဝင်
အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ၄၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် သရုပ်ဆောင်ဟောင်းတဦးဖြစ်သူ ဦးထွန်းထွန်း မှအလှူငွေ ၃ သိန်းကျပ်လှူဒါန်းပေးခဲ့ပါတယ်။
လက်ရှိတွင် ဦးထွန်းထွန်းသည် ပြည်သူ့ရေးရာစီမံခန့်ခွဲမူကွန်ယက် Myanmar Public Administration Network (MPAN)တွင်ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ ABAC တွင် သင်ကြားရေးဆရာအဖြစ်လည်းကောင်း လုပ်ဆောင်နေပြီး မော်ဒယ်လ် ကြည်ဖြူအောင်၏ ဖခင်လည်းဖြစ်သည်။
လှူဒါန်းခြင်းကို ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ ဦးအေးကြူလေးနှင့်အဖွဲ့ကလက်ခံပြီး သက်ကြီးရွယ်အို အနုပညာရှင်များကိုယ်စားကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
နှစ်စဥ်နှစ်တိုင်းရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အစဥ်အလာတစ်ခုအဖြစ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးယခုနှစ်ဆိုရင် ၄၅ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ယခုနှစ် အောက်တိုဘာ ၁၃ တွင် ကျင်းပမည့်သက်ကြီးပူဇော်ပွဲအတွက် ကုသိုလ် ပါဝင်လိုများအားလည်း ဖိတ်ခေါ်လျှက်ရှိပါတယ်။