Saturday, January 4, 2025

ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံသော အနာဂါတ်...

ဖက်ဒရယ် ဒီမိုကရေစီကို အခေခံသော တိုးတက်ခေတ်မီသည့် အနာဂါတ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့...

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင်...

ယနေ့ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူအကျဉ်းသား (၆၀၀၀) ဝန်းကျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသူ...

လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်...

ဒို့တာဝန်အရေးသုံးပါး မပြိုကွဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄...

အမျိုးသားညီလာခံတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် လူပုဂ္ဂိုလ်(၂၄၉)ဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် အငြိမ်းစားယူထားပြီးဖြစ်သည့် လူပုဂ္ဂိုလ်(၂၄၉) ဦးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...
HomeInternationalရုရှားက ယူကရိန်းမှ ဥရောပသို့...

ရုရှားက ယူကရိန်းမှ ဥရောပသို့ ဓါတ်ငွေ့တင်ပို့နေမှုကို ရပ်မည်

အပူချိန်ကျဆင်းလာချိန်တွင် ဓါတ်ငွေ့လိုအပ်ချက်ကြီးမားလာနိုင်သော ဥရောပတိုက်အနေဖြင့် ယူကရိန်းရှိ ပိုက်လိုင်းများမှတဆင့် ရုရှားဓါတ်ငွေ့ပေးပို့နေမှုကို နှစ်ကူးချိန်နံနက်အစောပိုင်းအထိသာ နောက်ဆုံးအနေဖြင့် လက်ခံရရှိတော့မည်ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က နိုင်ငံများအကြား တဆင့်ခံ ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ သဘောတူညီချက်သည် နှစ်ကူးအကြိုညတွင် သက်တမ်းကုန်မည်ဖြစ်ပြီး ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Gazprom က ယူကရိန်းပိုက်လိုင်းများမှတဆင့် ဥရောပသို့ တင်ပို့မှုကို နှစ်သစ်ကူးနေ့တွင် ဖြတ်တောက်ရန် မျှော်မှန်းထားသည်။

သဘောတူညီမှုရရန် အချိန် ၁၁ နာရီသာကျန်ပြီး သဘောတူညီချက်မရခဲ့ပါက ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သမိုင်းဝင် အရွှေ့အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သည်။ ရုရှားသည် တစ်ချိန်က ဥရောပတိုက်၏ အကြီးဆုံး ဓါတ်ငွေ့ရောင်းချနိုင်ငံဖြစ်သော်လည်း စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ အီးယူဖောက်သည်အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရကာ ဗဟိုဥရောပတစ်ဝန်းမှ ဓါတ်ငွေ့အဝယ်တော်များသည် အမေရိက၊ နော်ဝေနှင့် ကာတာနိုင်ငံများဘက် ခြေဦးလှည့်သွားခဲ့ကြသည်။

“ဒါဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ အခိုက်အတန့်ဖြစ်ပါတယ်” ဟု လွတ်လပ်သော ဓါတ်ငွေ့ဈေးကွက်လေ့လာဆန်းစစ်သူ Tom Marzec Manser က ပြောဆိုသည်။ တဆင့်ခံသဘောတူညီချက် အဆုံးသတ်သွားခြင်းသည် ဥရောပနှင့် ချိတ်ဆက်ထားသည့် ရုရှားဓါတ်ငွေ့သိုက်များ၏ အဓိကလမ်းကြောင်းကို ပိတ်လိုက်ခြင်းဖြစ်ပြီး အရှေ့ဥရောပနိုင်ငံများအနေဖြင့် အနောက်မြောက်ဥရောပဈေးကွက်များမှ ဓါတ်ငွေ့များပိုမိုတင်သွင်းရတော့မည့် သဘောဖြစ်လာကြောင်း ၎င်းက ပြောဆိုခဲ့သည်။

စစ်သားများအနေဖြင့် အေးခဲသော ရာသီတွင် တိုက်ပွဲဝင်နေရသော အရှေ့ပိုင်းစစ်မျက်နှာ၌ စစ်ရေးဆုံးရှုံးမှုများဖြစ်လာခြင်းကြောင့် တိုက်ပွဲများရပ်ရေး စေ့စပ်ဆွေးနွေးများလုပ်ရန် ယူကရိန်းအပေါ် ဖိအားတိုးလာခြင်းနှင့် ဒေါ်နယ်ထရမ့်ပ်လက်ထက်တွင် အမေရိက၏ အထောက်အပံ့များ ရုပ်သိမ်းသွားနိုင်သည့် စိုးရိမ်စိတ်များတိုးလာချိန်တွင် ရုရှားနှင့် ယူကရိန်းအကြား ပိုက်လိုင်းမှဓါတ်ငွေ့ပို့လွှတ်မှုကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Ref: သည်ဂါဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံသော အနာဂါတ် နိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်း ကူညီဆောင်ရွက်သွားမည်ဟု လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည့်သူ့ရှေ့ဆောင်ပါတီ ဖော်ပြ

ဖက်ဒရယ် ဒီမိုကရေစီကို အခေခံသော တိုးတက်ခေတ်မီသည့် အနာဂါတ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည်သူ့ရှေ့ဆောင်ပါတီက အသိပေးဖော်ပြထားသည်။ ပြည်သူရှေ့ဆောင်ပါတီ၏ သဝဏ်လွှာတွင် မြန်မာပြည်သူများ၏လွတ်လပ်ရေးသည် ပြည်သူများ၏ လက်ဝယ်တွင် ရှိကြောင်းနှင့် လွတ်လပ်ရေးနှင့် ဆက်စပ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အနုပညာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ တိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အမျိုးဂုဏ် ၊ ဇာတိဂုဏ် များကို...

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လွတ်

ယနေ့ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူအကျဉ်းသား (၆၀၀၀) ဝန်းကျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသူ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လွတ်ရန်ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူအချို့၏ ပြောကြားချက်အရ သိရသည်။ လက်ရှိအချိန်ထိ အကျဉ်းသား (၈၀၀) ကျော် ပြန်လည် လွတ်မြောက်လာပြီဖြစ်ပြီး (၂၀၀) ဝန်းကျင် ပြန်လွတ်လာရန် ကျန်ရှိနေသေးကြောင်း ယနေ့နံနက်ပိုင်း လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။ လက်ရှိအချိန်ထိ ပြန်လွတ်လာသူများထဲတွင် အမျိုးသား (၄၁၀) ကျော်...

လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း

ဒို့တာဝန်အရေးသုံးပါး မပြိုကွဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တပ်မတော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ပြောသည်။ " သို့ပေမယ့် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)တချို့ဟာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071