Sunday, December 29, 2024

သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူခဲ့သည့် MFF Vita...

ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏ Futsal Stadium တွင် စတင်ကျင်းပနေပြီဖြစ်သော MFF Vita Max Futsal...

ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိမြစ်ရေများ (၁)ပေမှ (၃)...

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိ မြစ်ရေများအနေဖြင့် လက်ရှိရေမှတ်အောက် (၁) ပေမှ (၃) ပေခန့် အထိ ကျဆင်းလာနိုင်သည်ဟု မိုးလေဝသနှင့်...

ယမန်နေ့ အသက် (၁၅) နှစ်အောက်...

ဒီဇင်ဘာ (၂၈)ရက်၌ အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ရန်ကုန်မြို့ MFF Training Field 1 နှင့် 2...

တစ်နှစ်အတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၃၃)...

ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင်...
HomeInternationalရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်--ဆလိုဗက်

ရုရှားဓါတ်ငွေ့ပေးပို့မှုကိုရပ်လျှင်ယူကရိန်းကိုဓါတ်အားဖြတ်မည်–ဆလိုဗက်

ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်သို့ ရုရှားဓါတ်ငွေ့ တဆင့်ခံပေးပို့နေမှုအား ယူကရိန်းက ရပ်ဆိုင်းခဲ့မည်ဆိုပါက လျှပ်စစ်ဓါတ်အားပေးဝေမှုကို ရပ်တန့်ခြင်းအပါအဝင် ယူကရိန်းအပေါ် တုန့်ပြန်ရန်အစီအစဥ်များကိုသူ့အစိုးရက အကဲဖြတ် သုံးသပ်သွားမည်ဟု ဆလိုဗက်ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

“ဇန်နဝါရီ ၁ ရက်နောက်ပိုင်းမှာ ယူကရိန်းအပေါ် တုန့် ပြန်မယ့်အစီအမံတွေနဲ့ အခြေအနေ တွေကို အကဲဖြတ်သွားမှာပါ” ဟု ဗီဒီယိုမိန့်ခွန်းတွင် ဖီကိုက ပြောဆိုခဲ့သည်။

ရှောင်လွှဲ၍မရပါက ဓါတ်အားစနစ် ချို့ယွင်းနေသောကာလအတွင်း ယူကရိန်းလိုအပ်နေသော ဓါတ်အားပေးဝေမှုကို ရပ်တန့်သွားမည်ဟု သူက ပြောဆိုခဲ့ပြီး ယူကရိန်းမှတဆင့် ဓါတ်ငွေ့သယ်ယူပို့ဆောင်မှု ရပ်ဆိုင်းခြင်းသည် အီးယူ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေမည်ဟုလည်း ဆိုခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် ယူကရိန်းမှတဆင့် ဥရောပသို့ ရုရှားဓါတ်ငွေ့သယ်ဆောင်မှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးတော့မည်မဟုတ်ဟု ကိဗ်က ပြောဆိုခဲ့ပြီးနောက် ဖီကိုသည် ဒီဇင်ဘာ ၂၂ ရက်တွင် မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ ဓါတ်ငွေ့ပေးပို့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ရုရှား၏ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချရေးအစီအမံများလုပ်ဆောင်ခဲ့သော်လည်း ဆလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် သြစတြီးယားအပါအဝင် နိုင်ငံများစွာသည် ရုရှားဓါတ်ငွေ့အပေါ် ဆက်လက်အမှီပြုနေရဆဲဖြစ်သည်။

ဆလိုဗက်ကီးယားသည် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom နှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး အစားထိုးအစီအစဉ်များလုပ်ဆောင်ခဲ့ပါက သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ ၂၂၈ ဒဿမ ၇၃ သန်း ထပ်မံကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူခဲ့သည့် MFF Vita Max Futsal League II Week -1 ပွဲစဉ်

ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏ Futsal Stadium တွင် စတင်ကျင်းပနေပြီဖြစ်သော MFF Vita Max Futsal League II Week -1 ပွဲစဉ်အတွင်း သွင်းဂိုး (၁၀)အထိ သွင်းယူခဲ့နိုင်သည့် အသင်းတစ်သင်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ ယနေ့ အဖွင့်ပွဲစဉ်အတွင်း Pacific Sun Far FC အသင်းနှင့် Shwe Pyi THar United FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Pacific Sun...

ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိမြစ်ရေများ (၁)ပေမှ (၃) ပေခန့်အထိ ကျဆင်းလာနိုင်

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိ မြစ်ရေများအနေဖြင့် လက်ရှိရေမှတ်အောက် (၁) ပေမှ (၃) ပေခန့် အထိ ကျဆင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ ဒီဇင်ဘာ (၂၈)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ နိုင်ငံ၏ စိုက်ပျိုး‌ရေး မွေးမြူရေး အဓိက အားထားရာ ဧရာဝတီမြစ်ရေသည် ၎င်းစီးဆင်းရာ တလျှောက်ဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး ၊ စစ်ကိုင်း၊ မြင်းမူ၊ ပုခုက္ကူ ၊ ညောင်ဦး၊ မင်းဘူး၊ ချောက်၊...

ယမန်နေ့ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်

ဒီဇင်ဘာ (၂၈)ရက်၌ အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ရန်ကုန်မြို့ MFF Training Field 1 နှင့် 2 တွင် စတင်ယှဉ်ပြိုင်လျက်ရှိသည်။ ယမန်နေ့ Week-1အဖွင့်ပွဲစဉ်တွင် Royal Yangon FC အသင်းနှင့် The Honour FCအသင်းတို့ ယှဉ်ပြိုင်ကစားရာ Royal Yangon FC အသင်းက (၇)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည်။ ထို့အတူ Mingalardon City FCအသင်းနှင့် Yangon Focus FCအသင်းတို့ယှဉ် ပြိုင်ကစားရာ Yangon Focus...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071