အမေရိကန် RQ-4B Global Hawk ဗျူဟာမြောက် ကင်းထောက်ဒရုန်းတစ်စင်းသည် ရုရှားနိုင်ငံ ကာလင်နင်ဂရက်ဒေသအနီးရှိ ပိုလန်နှင့် လစ်သူယေးနီးယား လေပိုင်နက်အတွင်း ဒီဇင်ဘာ ၂၃ ရက်က ပျံသန်းခဲ့ကြောင်း ပိုလန်အသံလွှင့်ဌာန RMF FM က သတင်းထုတ်လွှင့်ခဲ့သည်။
ယင်းသတင်းအရ အဆိုပါဒရုန်းသည် အီတလီရှိ ဆီဂွန်နယ်လာ(Sigonella)လေတပ်စခန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပိုလန်နိုင်ငံဆီသို့ ဦးတည်ပျံသန်းကာ လစ်သူယေးနီးယားနယ်စပ်ရှိ ဆူဝေါလ်ကီးနယ်စပ်တဝိုက်တွင် ပျံသန်းပြီးနောက် စတင်ထွက်ခွာရာဒေသသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ လေထဲတွင် ပျံသန်းချိန်သည် ၁၇ နာရီဖြစ်သည်။ ရေဒီယိုအသံလွှင့်ဌာန၏အဆိုအရ အဆိုပါလေယာဉ်သည် နေတိုးမစ်ရှင်၏တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဇွန်လကုန်တွင် ခရိုင်းမီးယားအနီး ပင်လယ်နက်လေပိုင်နက်ကို RQ-4B Global Hawk ဒရုန်းဖြင့် ကင်းလှည့်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန် ၂၃ ရက်က ပင်လယ်နက်တွင် အဆိုပါ Global Hawk ဒရုန်းကင်းလှည့်နေစဉ်အတောအတွင်း ယူကရိန်းအစိုးရသည် အမေရိကန်၏ ပံ့ပိုးကူညီမှုဖြင့် ဆီဗာစတိုပိုလ်ဒေသကို တိုက်ခိုက်ခဲ့ရာ လူေ-သဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။