Tuesday, December 17, 2024

နိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ...

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင် ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass...

နယ်စပ်ရေးရာကိစ္စများကိုဆွေးနွေးမည့် အလွတ် သဘောဆွေးနွေးပွဲ(၂)ခုသို့ ဝန်ကြီးဦးသန်းဆွေတက်ရောက်မည်

ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့်...

မြန်မာ့အရေးအစည်းအဝေးနှစ်ခုယခုတပတ်အတွင်းထိုင်းတွင်ပြုလုပ်မည်

ယခုသီတင်းပတ်အတွင်း မြန်မာ့အရေး အစည်းအဝေးနှစ်ခုကို လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ယင်းတွင် အနည်းဆုံးအစည်းအဝေးတစ်ခု၌ နစက ကိုယ်စားလှယ်များပါဝင်မည်ဖြစ်သည်ဟု ဆိုခဲ့သည်။ မလေးရှားဝန်ကြီးချုပ်ကလည်း...
HomeInternationalရုရှားရေနံတင်သင်္ဘော နှစ်ပိုင်းကျိုးပြီး ရေနံယိုဖိတ်မှုဖြစ်ပွား

ရုရှားရေနံတင်သင်္ဘော နှစ်ပိုင်းကျိုးပြီး ရေနံယိုဖိတ်မှုဖြစ်ပွား

ရေနံထွက်ကုန် တန်ပေါင်းထောင်နှင့်ချီ၍ တင်ဆောင်လာသည့် ရုရှားရေနံတင်သင်္ဘောတစ်စီးသည် တနင်္ဂနွေနေ့က ပြင်းထန်သော မုန်တိုင်းတိုက်ခတ်ခံသဖြင့် သင်္ဘောနှစ်ပိုင်းကျိူးကာ Kerch ရေလက်ကြားတွင် ရေနံယိုဖိတ်မှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် အခြား ရေနံတင်သင်္ဘောတစ်စီးသည်လည်း ပျက်စီးခဲ့ပြီး ဒုက္ခကြုံခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက ပြောဆိုသည်။

ရုရှားကုန်းမကြီးနှင့် ခရိုင်းမီးယားဒေသအကြားရှိ Kerch ရေလက်ကြားတွင် ရောက်ရှိနေခဲ့သော အဆိုပါ ရေနံတင်သင်္ဘောများသည် ဘေးဒုက္ခကြုံနေရကြောင်း သတင်းပို့ခဲ့သည်ဟု ဆိုသည်။

လူ ၁၅ ဦးလိုက်ပါခဲ့သည့် ၁၃၆ မီတာအရှည်ရှိ Volgoneft 212 ရေနံတင်သင်္ဘောသည် ဦးပိုင်းနစ်မြုပ်ကာ နှစ်ပိုင်းကျိုးပြီး လူတစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာစံနှုန်း ချိုးဖောက်မှုဖြစ်နိုင်ခြေအတွက် ရုရှားစုံစမ်းစစ်ဆေးသူများက ရာဇဝတ်မှုနှစ်ခုဖွင့်ကာ စုံစမ်းဖော်ထုတ်မည်ဖြစ်သည်။

နိုင်ငံပိုင်မီဒီယာကတင်ခဲ့သော ဗီဒီယိုဖိုင်တွင် သင်္ဘောကုန်းပတ်ပေါ် လှိုင်းလုံးများရိုက်ခတ်နေသည်ကို တွေ့ရသည်။

ဒုတိယမြောက် ရုရှားအလံတင်သင်္ဘောဖြစ်သည့် အရှည် ၁၃၂ မီတာရှိ Volgoneft ၂၃၉ သည် ပျက်စီးခဲ့ပြီးနောက် မျောပါနေခဲ့သည်ဟု အရေးပေါ်ဖြစ်ရပ်များဆိုင်ရာ ဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး သင်္ဘောပေါ်တွင် သင်္ဘောသား ၁၄ ဦး ပါရှိသည်ဟု ဆိုခဲ့သည်။

Kerch ရေလက်ကြားသည် ရုရှား၏ အစေ့အဆန်များ တင်ပို့ရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်သကဲ့သို့ ရေနံစိမ်း၊ လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့ရည်များ တင်ပို့ရာတွင်လည်း အသုံးပြုနေခဲ့သည်။

Ref: MSN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ နိုင်ငံကျော်တေးသံရှင်များစွာ၏ ဖျော်ဖြေမှုများနှင့်အတူ (၃)ရက်ကြာစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နှင့် Team 143 တို့မှ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်ည၌ ဝိုင်းစုခိုင်သိန်း၊...

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင် ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။ ထိုသို့ တည်ဆောက်ခဲ့ရာမှ လက်ရှိအချိန်တွင် အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ မြေအောက်လမ်းကူးလူသွားဥမင် Underpass...

နယ်စပ်ရေးရာကိစ္စများကိုဆွေးနွေးမည့် အလွတ် သဘောဆွေးနွေးပွဲ(၂)ခုသို့ ဝန်ကြီးဦးသန်းဆွေတက်ရောက်မည်

ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲအား လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ရှိသူများ၊ ဒု-ဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ " အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ် စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာပါ။ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆောင်ရွက်သွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071