ရုရှား-ယူကရိန်း အရေး အဆုံးသတ်ရန် ကူညီဖို့ ရှီနှင့် တိုက်ရိုက်ဆွေးနွေးရန် ဇလန်စကီး ကြိုးပမ်းနေ
ဟောင်ကောင်၊ ဩဂုတ် ၄ ရက်
ယူကရိန်း သမ္မတ ဇလန်စကီးက ငါးလကြာမြင့်နေပြီဖြစ်သော ရုရှား-ယူကရိန်း အရေးအခင်းကို အဆုံးသတ်နိုင်ရန် တရုတ်က ကူညီပေးဖို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တိုက်ရိုက်စကားပြောဆိုနိုင်မည့် အခွင့်အရေးကို ရှာဖွေနေသည်ဟု ပြောကြားခဲ့ကြောင်း South China Morning Post (SCMP ) သတင်းဌာနက ဩဂုတ်လ ၄ ရက် ကြာဿပတေးနေ့တွင် ဖော်ပြခဲ့သည်။
SCMP နှင့် အင်တာဗျူးရာတွင် ယူကရိန်းခေါင်းဆောင်က အဆိုပါအရေးအခင်း အဆုံးသတ်နိုင်ရန်အတွက် တရုတ်အား ရုရှားအပေါ် ၎င်း၏ ကြီးမားသော နိုင်ငံရေးနှင့် စီးပွားရေး သြဇာလွှမ်းမိုးမှုကို အသုံးပြုရန် တိုက်တွန်းခဲ့သည်။
“တရုတ်ဟာ အလွန်အင်အားကြီးတဲ့ နိုင်ငံတစ်ခုပါ။ ဒါကြောင့် တရုတ်က ရုရှားအပေါ် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ လွှမ်းမိုးနိုင်ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ လည်းဖြစ်ပါတယ်”ဟု ဇလန်စကီးက ပြောကြားခဲ့သည်။
ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့ကြား တင်းမာမှုများမြင့်တက်နေချိန် ဇလန်စကီးက ရုရှားသည် အနောက်နိုင်ငံများ၏ တိုး၍ ပြုလုပ်လာသော ပိတ်ဆို့အရေးမှုများကို ခံနေရသောကြောင့် ယခုအခါ ၎င်းနိုင်ငံရှိ စစ်ပွဲနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဘက်မလိုက်ဘဲ ကြားနေပေးရေးသည် အရေးကြီးနေကြောင်း ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် အလေးပေး ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း အရေးအခင်းအတွင်း ရုရှား၏ လုပ်ရပ်နှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးက စည်းလုံးညီညွတ်စွာ ဆန့်ကျင်နေသည့်အပေါ် တရုတ်နိုင်ငံအား ပါဝင်စေလိုကြောင်း ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်ကကြီးမှူးကျင်းပသော ထောင်နှင့်ချီသော ကျောင်းသားများနှင့် တွေ့ဆုံစဉ် ဇလန်စကီး က ပြောကြားခဲ့သည်။
တရုတ်က အခု လောလောဆယ်တော့ တကယ့်ကို ကြားနေနိုင်ငံအဖြစ်နဲ့ ရပ်တည်နေတာပါ။ ရိုးရိုးသာသား ပြောရရင် တရုတ်က ရုရှားနဲ့ ပူးပေါင်းတာထက်စာရင် ဒီလိုလေးပဲ ကြားနေနိုင်ငံအဖြစ် နေတာပိုကောင်းပါတယ်” ဟု ဇလန်စကီးက ဆိုသည်။
Source: Thestratistimes