ရေစကြိုမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်တစ်ဦးသေဆုံး
မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ စည်သာစံ
ပြကျေးရွာတွင် မေလ၁ရက်နေ့ည၁၀နာရီအချိန်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“မနက်၉နာရီလောက်ပဲရှိဦးမယ် လောင်ချာနဲ့လှမ်းပစ်လိုက်တာဖြစ်မယ်။ရွာထဲက အိမ်တစ်လုံးပေါ်ကျပြီး ပေါက်ကွဲသွားတာ။အဲ့ဒီအိမ်မှာရှိနေတဲ့ ဒေါ်စန်းရွှေရယ်၊သူ့တူလေးကောင်းခန့်သူတို့ သေကုန်တယ်။နောက်ပြီးတော့ မခင်အေးရယ်၊သူ့သမီးလေးသူဇာအေးတို့က ဒဏ်ရာတွေရသွားကြတယ်´´ဟုဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ ဦးသိန်းရွှေ၏ နေအိမ်တွင် မေလ၁ရက်နေ့ ည၁၀နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်လုပ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးသိန်းရွှေ၏အစ်မဖြစ်သူ ဒေါ်စန်းရွှေ(၄၆)နှစ်နှင့်ဦးသိန်းရွှေ၏ သားဖြစ်သူ မောင်ကောင်းခန့်သူ(၆)နှစ်တို့သည် ရင်ဘက်ပွင့်ထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးသိန်းရွှေ၏သမီးဖြစ်သူ မသူဇာဦး(၁၂)နှစ်နှင့်ဇနီးဖြစ်သူ ဒေါ်ခင်အေးမာ(၃၀)နှစ်တို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီးဆေးဝါး ကုသနိုင်ရေး ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။