Monday, December 2, 2024

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း...

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း...

ASEAN Halal Roundtable Dialogue...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်လုပ်ငန်းရှင်(၅)ဦးတက်ရောက်ရန် Malaysia Islamic Chamber of...

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု...

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ...
HomeNewsLocal Newsရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားက ဝမ်...

ရေဘေးသင့်ပြည်သူများအတွက် ကိုရီးယားက ဝမ် (၃၆) သန်း လှူဒါန်း

ယာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော မြန်မာနိုင်ငံဒေသအများအပြားရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Nam Chung-hee နှင့် အဖွဲ့ဝင်များမှ ကိုရီးယားဝမ် ၃,၆၀၀,၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။

Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်တွင် ဒေဂူးမြို့ရှိ Hotel Inter-Burgo ၌ ကျင်းပခဲ့သည့် Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

သံအမတ်ကြီးသည် မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် တိုးမြှင့်ဆောင်ရွက်ပေးမှုများကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေဂူးမြို့ရှိ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ အစီအစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များအား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှူဒါန်းရရှိသည့် ရန်ပုံငွေများအား မြန်မာနိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း (၉၀၀)ကျော် တည်ဆောက်ထား

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁)မိုင်ခရီးကို ရန်ကုန်ဘူတာကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် နိုဝင်ဘာ (၂၉) ရက်တွင် စတင်ပြေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပတ်ရထားပြေးဆွဲမှု...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချခဲ့

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးကာ နိုဝင်ဘာ (၃၀)ရက်က ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ဗီယင်နာမြို့ရှိ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီ လိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှု ပစ္စည်းများကို...

ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ထား

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ASEAN Halal Roundtable Dialogue ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်လုပ်ငန်းရှင်(၅)ဦးတက်ရောက်ရန် Malaysia Islamic Chamber of Commerce ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ဟာလာစားသောက်ကုန်လုပ်ငန်း၏ အဓိကကိစ္စရပ်များနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ အာဆီယံဈေးကွက်ကို ထိုးဖောက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အဖြေရှာ၍ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားမည့် အလားအလာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆွေးနွေးပွဲသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071