ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်းရှိ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့်အာမခံအလုပ်သမားများ (၉၇၁) ဦးအား ငွေကြေးအကျိုးခံစားခွင့် ကျပ်သန်း (၇၁ ဒဿမ ၃၆၉)ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း(ရာဂီ)၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက်ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးရခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် လူမှုဖူလုံရေး မြို့နယ်ရုံး (၈၀) တွင် ယနေ့အချိန်အထိ အလုပ်ဌာန (၃၄၉ ၂၇)ဌာနနှင့် အလုပ်သမား (၁၂၇၇၅၁၃) ဦးတို့ အကျုံးဝင်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း အလုပ်ဌာန (၁၀၈၁) ဌာန၊ အာမခံအလုပ်သမား (၂၇၇၃၄) ဦး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန (၁၄၈) ဌာနရှိ ရေဘေးသင့်အာမခံအလုပ်သမား(၉၇၁)ဦးအား ငွေကြေး အကျိုးခံစားခွင့် ငွေကျပ် (၇၁ ဒသမ ၃၆၉)သန်းကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အာမခံအလုပ်သမား (၉ ၇၁) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် (၇၁ ဒသမ ၃၆၉) သ န်းကို နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။