Wednesday, March 26, 2025

ဗီယက်နမ်က အမေရိကန်သွင်းကုန်များအပေါ် အခွန်လျှော့ကောက်မည်

          နှစ်နိုင်ငံကုန်သွယ်မှုတွင် ကြီးမားသော ကုန်သွယ်မှုပိုငွေပြနေမှုကြောင့် အမေရိက၏ အခွန်စည်းကြပ်မှုများ လုပ်လာမည့်အရေးကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသော ဗီယက်နမ်နိုင်ငံသည် သဘာဝဓါတ်ငွေ့ရည်နှင့် မော်တော်ကား အပါအဝင်...

ရေကြောင်းအန္တရာယ်ကင်းရှင်းရေးစင်္ကာပူက ဒရုန်းကို ပိုအသုံးပြုလာ

စင်္ကာပူ၊ မတ် ၂၆ စင်္ကာပူ၏ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA) သည် ၂၀၂၅ တွင် ပင်လယ်ပြင်၌ ဓာတုဗေဒပစ္စည်း ယိုဖိတ်မှုတွင် ဓာတုဆေးမှုန့်အဆိပ်အတောက်များနှင့်...

တရုတ်၌တောမီးလောင်၊မီးသတ်သမား ၇၀၀ ကျော်ဖြင့်ကြိုးစားငြှိမ်းသတ်နေ

ဟူဖေး၊မတ် ၂၅ တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဝှေးပြည်နယ်ရှိသစ်တောတစ်ခု၌ တောမီးလောင်ကျွမ်းနေပြီးမီးသတ်သမား ၇၀၀ ကျော်ဖြင့် ကြိုးစားငြှိမ်းသတ် နေရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။သို့သော် လက်ရှိအချိန်အထိ မီးလောင်မှုကြောင့် လူ‌ေ-သဆုံးမှုနှင့်ဒဏ်ရာရရှိမှုမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ မီးလောင်မှုသည် မွန်းလွဲ...

ဆိုးလ်မီးသတ်တပ်ဖွဲ့ ရဟတ်ယာဉ်ပျ-က်-ကျ၊ လေယာဉ်မှူး ‌ေ-သဆုံး

ဆိုးလ်၊ မတ် ၂၆ တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာ၌ မီးသတ် ရဟတ်ယာဉ်တစ်စီး သည် ဗုဒ္ဓဟူးနေ့က ပျ-က်-ကျခဲ့ရာ...
HomeNewsLocal Newsရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ရန်ကျင်းပသည့်ပွဲ

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ဦးဆောင်ကာ ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်ရှိ အဆိုပါ ရုံးတည်ရှိရာ MICC(2) တွင် ယနေ့ မတ်လ (၂၄) ရက် နံနက်ပိုင်းမှစတင်ပြီး (၃) ရက်တာ ကျင်းပလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲကို အဓိကကျသည့် ရည်ရွယ်ချက် (၃) ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားသည်။

ယင်း ရည်ရွယ်ချက် (၃) ရပ်မှာ

(က) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်လာနိုင်စေရန် (Influence of Peace in Multiple Sectors)।

( ခ ) ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို ၊ လူထုအကြား အသိမြင်တိုးမြှင့်လာစေရန် (Promoting Non- Violence Solutions for Sustainable Peace)

( ဂ ) နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံး လျှော့ချပြီးနိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန် တိုးတက်လာနိုင်စေမည့် ရေတို-ရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် (Identifying Short-term and Long-term Measure for De-escalation of Armed-conflicts and Political Deadlock) တို့ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်မိန့်ခွင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဆွေးနွေး နေကြခြင်း ဖြစ်သည်။

ယခုကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၂၅) ကို မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်က အမေရိကန်သွင်းကုန်များအပေါ် အခွန်လျှော့ကောက်မည်

          နှစ်နိုင်ငံကုန်သွယ်မှုတွင် ကြီးမားသော ကုန်သွယ်မှုပိုငွေပြနေမှုကြောင့် အမေရိက၏ အခွန်စည်းကြပ်မှုများ လုပ်လာမည့်အရေးကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသော ဗီယက်နမ်နိုင်ငံသည် သဘာဝဓါတ်ငွေ့ရည်နှင့် မော်တော်ကား အပါအဝင် အမေရိကန်ထုတ်ကုန်များစွာအပေါ် အခွန်လျှော့ချဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးဌာန အခွန်မူဝါဒဌာန အကြီးအကဲက ပြောကြားခဲ့သည်။            အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုန်သွယ်ဖက်များအ ပေါ် အခွန်စည်းကြပ်မှုများ ကို ပိုမို ကျယ်ပြန့်စွာ ချမှတ်မည်ဟု ကြေညာခဲ့ပြီးနောက် စက်မှုလုပ်ငန်းဗဟိုချက် ဖြသ်သော ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်တွင် ဒေါ်လာ ၁၂၃ ဘီလျံကျော်လွန်ခဲ့သော ဝါရှင်တန်နှင့် ကုန်သွယ်မှု...

ရေကြောင်းအန္တရာယ်ကင်းရှင်းရေးစင်္ကာပူက ဒရုန်းကို ပိုအသုံးပြုလာ

စင်္ကာပူ၊ မတ် ၂၆ စင်္ကာပူ၏ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA) သည် ၂၀၂၅ တွင် ပင်လယ်ပြင်၌ ဓာတုဗေဒပစ္စည်း ယိုဖိတ်မှုတွင် ဓာတုဆေးမှုန့်အဆိပ်အတောက်များနှင့် မီးလောင်လွယ်သည့် ဓာတ်ငွေ့များကို ထိန်းချုပ်ရန် ရေပြင်အတွင်း ဓာတုပစ္စည်းများပျံ့နှံ့မှုများ ဖြစ်ပွားသောအခါ စုပေါင်းကာကွယ်လုပ်ဆောင်နိုင်သည့် တိုက်ရိုက်ထိန်းချုပ်မှု လုပ်ဆောင်နိုင်သော မောင်းသူမဲ့လေယာဉ်ငယ်များ(ဒရုန်း)ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး အေမီခေါ က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စင်္ကာပူရေကြောင်းရက်သတ္တပတ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဒစ်ဂျစ်တယ် နည်းပညာသို့ ကူးပြောင်းရေး နှင့် ကာဗွန်လျှေချရေး ညီလာခံတွင် မိန့်ခွန်းပြောစဉ်က အေမီခေါသည်...

တရုတ်၌တောမီးလောင်၊မီးသတ်သမား ၇၀၀ ကျော်ဖြင့်ကြိုးစားငြှိမ်းသတ်နေ

ဟူဖေး၊မတ် ၂၅ တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဝှေးပြည်နယ်ရှိသစ်တောတစ်ခု၌ တောမီးလောင်ကျွမ်းနေပြီးမီးသတ်သမား ၇၀၀ ကျော်ဖြင့် ကြိုးစားငြှိမ်းသတ် နေရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။သို့သော် လက်ရှိအချိန်အထိ မီးလောင်မှုကြောင့် လူ‌ေ-သဆုံးမှုနှင့်ဒဏ်ရာရရှိမှုမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ မီးလောင်မှုသည် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ မီးသတ်သမား ၇၀၀ ကျော် ရောက်ရှိလာပြီး မီးငြှိမ်းသတ်ရန် မြေတူးစက်များ၊ရေဖြန်းဒရုန်းများနှင့် မီးသတ်ကားများအကူအညီဖြင့်မီးငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေကြဆဲဖြစ်သည်ဟုသိရသည်။ အနီးနား၌ နေထိုင်သူများသည် ၎င်းတို့၏ဘိုးဘေးများအား ဂါရဝပြုရန်အတွက် စက္ကူများမီးရှို့ခြင်းကြောင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ကနဦးစုံစမ်းစစ်‌ဆေးမှုအရ သိရှိရပြီး တောမီးလောင်ကျွမ်းသည့်ဧရိယာကိုမူမသတ်မှတ်ရသေးကြောင်းလည်းသိရသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071