ရေလဲ(ကရင်)ကျေးရွာမှ ရွာသူ၊ရွာသားများ စစ်ဘေးလွတ်ရာသို့ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရ
KNU-မုန်းမြို့နယ်ရှိ ရေလဲ(ကရင်)ကျေးရွာမှ ရွာသူ၊ရွာသားများသည် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာနိုင်သဖြင့် စစ်ဘေးလွတ်ရာသို့ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရကြောင်း KNU (ဗဟို)မှ သိရသည်။
ထိုသို့ တိမ်းရှောင်နေရခြင်းမှာ မုန်းမြို့နယ်၊ရေလဲ (ကရင်)ကျေးရွာဘက်သို့ သြဂုတ် ၂၇ ရက်ခန့်မှစတင်ကာ လက်နက်ကြီးချိန်ရွယ်တပ်ဆင်ထားမှုများတွေ့ရှိရသဖြင့် တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။
ရေလဲ(ကရင်)ကျေးရွာ၌ အိမ်ခြေ ၁၈၀ ရှိကာ လူဦးရေ ၉၇၃ ဦးနေထိုင်ခြင်းဖြစ်ပြီး စစ်ဘေးတိမ်း ရှောင်ရာတွင် (ပရဲစီ)ကျေးရွာ၊ထွနီကုန်းကျေးရွာနှင့်ငထွေစုတ်ကျေးရွာများအပြင် မြစ်တစ်ဖက်ကမ်းသို့လည်း တိမ်းရှောင်နေရသည်ဟု KNU (ဗဟို)မှ သိရသည်။
အလားတူ ဩဂုတ် ၂၇ ရက်နံနက် ၉ နာရီခန့်တွင်လည်း ကရင်မျက်ရဲကျေးရွာ ၊မာနီကျေးရွာနှင့်ရွာ တန်းရှည်ကျေးရွာများအနီး၌ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် ယင်း ကျေးရွာများမှ ရွာသူ၊ရွာသားများဘေးလွတ်ရာသို့ တိမ်း ရှောင်နေရကြောင်း သိရသည်။