Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeInternationalရေအမြောက်နှင့်ထိုးသည့်ကိစ္စ ဖိလစ်ပိုင်က တရုတ်ကို...

ရေအမြောက်နှင့်ထိုးသည့်ကိစ္စ ဖိလစ်ပိုင်က တရုတ်ကို အပြင်းထန်ဆုံး ကန့်ကွက်မှုလုပ်

အငြင်းပွားတောင်တရုတ်ပင်လယ်ရေပြင်မှာ တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်နဲ့ထိုးပက်ခဲ့တာကြောင့် ဖိလစ်ပိုင်ရေတပ်သား သုံးဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့ရဲ့ သင်္ဘောကြီးကြီးမားမား ထိခိုက်မှုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တနင်္လာနေ့မှာ ဖိလစ်ပိုင်က တရုတ်ကို အပြင်းထန်ဆုံး ကန့်ကွက်လွှာပို့ခဲ့သလို အကြီးတန်းတရုတ်သံတမန်တစ်ဦးကိုလည်း ဆင့်ခေါ်ကန့်ကွက်မှုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အငြင်းပွား Second Thomas သောင်ခုံကျွန်းအနီး ပိုင်နက်လု အာရှနှစ်နိုင်ငံအကြား အဆိုးဝါးဆုံးနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စနေနေ့က ထိပ်တိုက်တွေ့မှုမှာ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်းက ဖိလစ်ပိုင်ရေတပ်ရဲ့ ရိက္ခာပို့သင်္ဘောကို ရေအမြောက်နဲ့ထိုးခဲ့တာဖြစ်ပါတယ်။ ယင်းကျွန်းနေရာမှာ စခန်းချထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ကို ဖယ်ထုတ်ဖို့ရာ တရုတ်သင်္ဘောတွေက ဝိုင်းထားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်ကတော့ ဖိလစ်ပိုင်သင်္ဘောတွေဟာ တရုတ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ၎င်းတို့ရဲ့ အချုပ်အခြာနဲ့ ရေကြောင်းပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေအပေါ် အခိုင်အမာကာကွယ်စောင့်ရှောက်ဖို့အတွက် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့မှာ သတိပေးခဲ့ပါတယ်။

ဒါ့အပြင် မနီလာရှိ တရုတ်သံရုံးကလည်း ဖိလစ်ပိုင်ကို မီးနဲ့မကစားဖို့ တရုတ်ကမ်းခြေစောင့်တပ်က သတိပေးထားတဲ့ ထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ထရီစာ လာဇာရိုက ရိက္ခာထောက်ပံ့ခြင်းနဲ့ တပ်သားအလှည့်ကျ အပြောင်းအလဲလုပ်တဲ့ ဖိလစ်ပိုင်ရဲ့ မစ်ရှင်အပေါ် တရုတ်ကမ်းခြေစောင့်တပ်နဲ့ တရုတ်ပြည်သူ့စစ်တွေရဲ့ ပြင်းထန်တဲ့လုပ်ဆောင်ချက်တွေကို ဖိလစ်ပိုင်က အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ သူမနဲ့ အဆင့်တူ အကြီးတန်းတရုတ်အရာရှိကို ဖန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးရာဋ္ဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယင်းကိစ္စနဲ့ပတ်သက်ပြီး မနီလာရှိ တရုတ်နိုင်ငံ အကြီးတန်းသံတမန်တစ်ဦးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ကာ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းတည်ရှိတဲ့ Second Thomas သောင်ခုံကျွန်းကျင်ကနေ တရုတ်သင်္ဘောတွေ ချက်ချင်းထွက်ခွာပေးဖို့နဲ့ တရုတ်အနေနဲ့ နိုင်ငံတကာဥပဒေအပေါ် ချိုးဖောက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေး အရာရှိတွေဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လက်မခံနိုင်ဖွယ်ရာ၊ ရန်စတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရေး ခြေလှမ်းသစ်များအတွက် တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သူတို့တွေရဲ့ အကြံပြုချက်တွေကို သမ္မတ ဖာဒီနန်မားကို့စ်ဂျုနီယာထံ တင်ပြသွားမှာဖြစ်ကြောင်းနဲ့ လတ်တလောမှာ လူသိရှင်းကြား ထုတ်ဖော်အသိပေးမှာ မဟုတ်ကြောင်း သိရပါတယ်။

Ref:abc News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071