Wednesday, March 26, 2025

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက...

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...
HomeNewsLocal Newsရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန်...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂ဝ၂၅ အခမ်းအနားတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့သည် လူတို့၏လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး ရေကြောင်း သွားလာရေးတွင် ကန့်သတ်ချက်များ များလာသဖြင့် မြစ်ကြောင်းများထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေပြီး စောလျင်စွာဖြေရှင်းရန်လိုသည်ဟု မှာကြားသည်။

ထို့ပြင် အဓိကမြစ်များနှင့် ယင်းမြစ်များအတွင်းစီးဝင်သည့် မြစ်၊ ချောင်းများ ဘေး ဝဲယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို ဒေသဆိုင်ရာ အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များကကြပ်မတ်ရန်လိုကာ ယင်း မြစ်များသည် ကူးသန်းသွားလာမှုတွင် အဓိကျခြင်းကြောင့် ဆောလျင်စွာ သောင်တူးရှင်းလင်းရမည်ဟု မှာကြားသည်။

” ဟိမဝန္တာတောင်ကစီးဆင်းလာတဲ့ ရေချိုတွေကို စိုက်ပျိုးရေးကဏ္ဍမှာ အကျိုးရှိစွာအသုံးချနိုင်ဖို့၊ ရာသီမရွေးရေကြောင်းသွားလာနိုင်ဖို့၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ဖို့၊ မြစ်ဘေး ဝဲ ၊ ယာနဲ့သက်ရောက်တဲ့ နေရာတွေစိမ်းလန်းစိုပြေလာစေဖို့တွေကို ဖြစ်ပေါ်လာစေဖို့ သတ်မှတ်ရှာဖွေထားတဲ့နေရာတွေမှာ အနိမ့်တမံတွေကို ဖြစ်နိုင်သမျှအမြန်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့ပြင် အနာဂတ်ရေဖူလုံစေရေးအတွက် ရေစီမံအုပ်ချုပ်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးကာ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှုအလေ့အကျင့်ကောင်းများရရှိစေရန် လူတိုင်းကိုအသိပညာပေးခြင်းအပြင် နည်းပညာအသစ်များ တီထွင်ကြံဆခြင်း၊ ရေအသုံးပြုမှုဆိုင်ရာ အလေ့အကျင့်ကောင်းများဖော်ထုတ်ခြင်းစသည့် နည်းစနစ်အသစ်များကို ကျင့်သုံးရမည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ " ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။ "တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071