မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းကြီး (၁၄) မိုင်အနီးတွင် ခ ရီးသည်တင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေး ချောက်ထဲထိုးကျမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက် (၅)ဦး အ သက်ဆုံးရှုံးခဲ့ရပြီး (၅)ဦးမှာ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် အောင်မင်္ဂလာနာရေးကူ ညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း (ရေးမြို့)မှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ (၂၂)ရက်၊ မွန်းလွဲ (၂)နာရီအချိန်ခန့်က ရေး-ထားဝယ်လမ်းမကြီး (၁၄) မိုင်အနီးတွင် ယာဉ်တိမ်းမှာက်မှု ဖြစ်ပွားကြောင်း သတင်းအရ နယ်မြေခံ လူမှုကူညီက ယ်ဆယ်ရေးအသင်းများမှ ကူညီရန်သွားရောက်ခဲ့ကြကြော င်း သိရသည်။
ဖြစ်စဉ်နေရာအရောက် ခရီးသည်တင်ယာဉ်မှာ အရှိန်လွန်ကာ လမ်းဘေးချောက်ထဲထိုးကျနေပြီး ယာဉ်ပေါ်ပါသူများအနက် အမျိူးသား (၂)ဦး၊ အမျိုးသမီး (၃)ဦးမှာ နေရာတွင်ပင် အသက်ဆုံးရှုံးနေပြီး အမျိုးသား (၃)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရထားကြောင်း သိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့ရသည့် ခရီးသည်တင်ယာဉ်မှာ တန င်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာမှ ဖြစ်ပြီး ေ-သဆုံးသူများထဲတွင် Grade-11 ကျောင်းသူနှင့် ဘွဲ့ယူပြီး ပြန်လာသည့် ကျောင်းသား တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို အောင်မင်္ဂလာ၊ အဏ္ဏဝါ၊ ရန်ကြီးအောင်၊ ချောင်းတောင်၊ ကြက်ခြေနီ၊ ကိုးမိုင်အသင်းများမှ လူနာတင်ယာဉ်များဖြင့် ရေးမြို့နယ် ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြေင်း သိရသည်။