Saturday, November 16, 2024

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...
HomeNewsLocal Newsရွာငံမြို့နယ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြန်လာသည့် မော်တော်ယာဉ်တိုက်ခိုက်ခံရ

ရွာငံမြို့နယ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြန်လာသည့် မော်တော်ယာဉ်တိုက်ခိုက်ခံရ

ရွာငံမြို့နယ်တွင်တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြန်လာသည့်မော်တော်ယာဉ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ် ပညာရေးမှူးရုံးသို့ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား ဧပြီလ ၉ ရက်နေ့နံနက်ပိုင်းက အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

“တောင်ကြီးကို တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပေးပို့ပြီးပြန်လာတဲ့ကားကို တိုက်ခိုက်ခံခဲ့ရတာပါ။လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့အမျိုးသားတစ်ယောက်သေဆုံးပြီး ဒုမြို့နယ်ပညာရေးမှူးက ခေါင်းမှာ ကျည်ဆံရှပ်ထိတဲ့ဒဏ်ရာရခဲ့ပါတယ်´´ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုး ဦးစီးသည့် ပညာရေးဝန်ထမ်းများသည် ရွာငံမြို့နယ်စာစစ်ဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ် ပညာရေးမှူးရုံးသို့ မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်အပ်နှံပြီး မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တောင်ကြီးမြို့မှ ရွာငံမြို့သို့ အောင်ပန်း-ရွာငံကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာ အနီးအရောက်၌ လမ်း၏ဝဲယာတို့မှ အသင့်စောင့်ဆိုင်းနေသည့်အကြမ်းဖက်သမား ၂၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက် သမားများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ အောင်ပန်း-ရွာငံလမ်းအတိုင်းမောင်းနှင်လာသည့် MDY 2G/… မန္တလေး-တောင်ကြီးခရီးသည်တင်ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် တောင်ကြီးမြို့၊ ချမ်းမြသာစည် ရပ်ကွက်နေ ဦးခင်မောင်အေး(၆၀)နှစ် (ဘ)ဦးဘမောင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးခဲ့ပြီး အဖြေလွှာပို့ပြီးပြန်လာသည့် မော်တော်ယာဉ်ပေါ်ပါ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုးတွင် ဦးခေါင်းဝဲဘက်ကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား အောင်ပန်းတပ်မတော်ဆေးရုံနှင့် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ " ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး"ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ မဟာဘုံစံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၁၁၀) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန် ဆက်ကပ်လှူဒါန်းရာတွင် စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းသုံးရာခန့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဘုံကထိန်အလှုတွင် တက်ရောက်လာသူများက နမော တဿ (၃)ကြိမ် ရွတ်ဆိုအခမ်းအနားကို ဖွင့်လှစ်ပြီး မဟာဘုံစံကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစာရိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။ ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071