Wednesday, January 8, 2025

ပထမအကြိမ် ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေးခြင်းလုံးခတ်ပြိုင်ပွဲအား ဇန်နဝါရီ ၃ ရက်က နေပြည်တော်၌ကျင်းပခဲ့သည်။ အဆိုပါ ခြင်းလုံးခတ်ပြိုင်ပွဲအား မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့်အား...

ဘုရားဖူး Light Truck ကား...

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်မွန်းလွဲ...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် WHO...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်၊ အကြံပြုချက်များကို စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း...

ထိုင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရခဲ့သည့် ဗီယက်နမ်တိုက်စစ်မှူး...

အာဆီယံ ချန်ပီယံရှစ် နောက်ဆုံးဗိုလ်ပွဲစဉ်အတွင်း ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်၏ ခြေထောက်တွင် ရရှိခဲ့သည့်ဒဏ်ရာမှာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ခွဲစိတ်ကုသမှုအပြီး (၆)လခန့်...
HomeNewsLocal Newsရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များဖိတ်ခေါ် သွားမည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် မြန်မာ-အီရန်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်ရေး၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန် ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးဇော်ထွန်းဦး တို့တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမအကြိမ် ခြင်းလုံးခတ်ပြိုင်ပွဲကျင်းပခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေးခြင်းလုံးခတ်ပြိုင်ပွဲအား ဇန်နဝါရီ ၃ ရက်က နေပြည်တော်၌ကျင်းပခဲ့သည်။ အဆိုပါ ခြင်းလုံးခတ်ပြိုင်ပွဲအား မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့်အား ဂုဏ်ပြုရန်၊ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားခြင်းဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ”အတူတည်ဆောက်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အဆိုပြုချက်(GCI)နှင့် လူသားမျိုးနွယ်အေးအတူပူအမျှ အသိုက်အဝန်းအတွေးအခေါ်ကိုဖော်ဆောင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်တက်ရောက်၍ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့်(၇၅)နှစ်ပြည့် သမိုင်းဝင်အခါသမယတွင် ပထမအကြိမ်ကျင်းပသော “Energy Cup”ချစ်ကြည်ရေး ခြင်းလုံးခတ်ပြိုင်ပွဲသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုပေါင်းစည်းဖလှယ်ခြင်း၊ ပြည်သူ့နှလုံးသားချင်းဆက်နွှယ်သည့် သက်ဝင်ထင်ရှားသော...

ဘုရားဖူး Light Truck ကား မန္တလေးတောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျတိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်နဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်အဆင်းလမ်းအတိုင်း မန္တလေးတောင်ပေါ်မှ ဘုရားဖူး၍ပြန်ဆင်းလာသည့် Light Truck (အဖြူရောင်)ကားသည် အခင်းဖြစ်နေရာ ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် အမျိုးသား (၆)ဦးနှင့်အမျိုးသမီး(၁၁)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့်...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် WHO ၏ အကြံပြုချက်များဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်၊ အကြံပြုချက်များကို စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။ ဆောင်းရာသီတွင်ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇန်နဝါရီ (၇)ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ အဖြစ်များလေ့ရှိပြီး လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကူးစက်ဖြစ်ပွားမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071